Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်သို့အသစ်ရောက်လာ​သောစစ်​ကောင်စီတပ်ရင်းတစ်ခု စစ်တပ်နှင့်ဆက်နွှယ်​သော​ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များတွင်တပ်​​ဖျောက်ထားဟု​ဒေသခံများ​ပြော

စစ်ကောင်စီသည် ဖားကန့်မြို့တွင်းအဓိကဆက်သွယ်ရေးတံတားတစ်စင်းဖြစ်သော ဥရုရတနာကျောက်စိမ်းတောင်တံတားကိုလည်း ညအချိန် ဖြတ်သန်းခွင့်မပြုတော့ဘဲ နေရာအများအပြား၌ ကင်းပုန်းဝပ်နေသည်ဟု ​ဒေသခံများက​ပြောသည်။

(ဖားကန့်တွင်​ကျောက်စိမ်းတူး​ဖော်​နေ​သော စက်ယန္တရားများကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNI)
(ဖားကန့်တွင်​ကျောက်စိမ်းတူး​ဖော်​နေ​သော စက်ယန္တရားများကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNI)

တပ်အပြောင်းအလဲ ပြုလုပ်ပြီးဖားကန့်သို့ အသစ်ရောက်ရှိလာသော စစ်ကောင်စီတပ်ရင်းတစ်ခုသည် စစ်ကောင်စီနှင့်ဆက်နွှယ်​နေ​သော ကျောက်တူးဖော်ရေးကုမ္မဏီလုပ်ကွက်များထဲတွင် တပ်ဖျောက်ထား​ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတစ်ခုသည် ဖားကန့်ဒေသသို့ မေ လ ၂၇ရက်က ရောက်ရှိလာခဲ့ပြီး အဆိုပါတပ်ရင်း ရှိရာနေရာကို ဒေသခံများက စုံစမ်းသိရှိခဲ့ခြင်းဖြစ်သည်။

“ပျောက်နေတဲ့စစ်ကြောင်းက ကုမ္မဏီထဲတွေ ဝင်ခိုနေတာ။မြန်မာတကောင်းတို့၊ တစ်သုံးလုံးတို့ သူတို့နဲ့ ပါတနာဖြစ်တဲ့ ကုမ္မဏီထဲတွေမှာ တပ်ဖျောက်နေတာ”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ဖားကန့်မြို့တွင်းအဓိကဆက်သွယ်ရေးတံတားတစ်စင်းဖြစ်သော ဥရုရတနာကျောက်စိမ်းတောင်တံတားကိုလည်း ညအချိန် ဖြတ်သန်းခွင့်မပြုတော့ဘဲ နေရာအများအပြား၌ ကင်းပုန်းဝပ်နေသည်ဟု ​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

“ညအချိန်ဆိုမြို့ပေါ်ရောမှော်ထဲရော ကင်းပုန်းဝပ်တာတွေလုပ်နေတယ်။ မှော်ထဲသွားရင်သတိနဲ့သွားလာကြပါ”ဟုဒေသတွင်း စစ်ကောင်စီလှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းနေသူတစ်ဦးကပြောသည်။

ဖားကန့်တွင်လတ်တလောစစ်ရေးအခြေအ​နေငြိမ်သက်နေပြီးမေလ ၂၃ ရက်နေ့ကတိုက်ပွဲတွင်KIA-ကချင်လွတ်​မြောက်​ရေးတပ်မ​တော် နှင့်ပြည်သူကာကွယ်ရေးတပ်-PDFတို့ပူးပေါင်းတပ်က စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook