Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်သို့အသစ်ရောက်လာ​သောစစ်​ကောင်စီတပ်ရင်းတစ်ခု စစ်တပ်နှင့်ဆက်နွှယ်​သော​ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များတွင်တပ်​​ဖျောက်ထားဟု​ဒေသခံများ​ပြော

စစ်ကောင်စီသည် ဖားကန့်မြို့တွင်းအဓိကဆက်သွယ်ရေးတံတားတစ်စင်းဖြစ်သော ဥရုရတနာကျောက်စိမ်းတောင်တံတားကိုလည်း ညအချိန် ဖြတ်သန်းခွင့်မပြုတော့ဘဲ နေရာအများအပြား၌ ကင်းပုန်းဝပ်နေသည်ဟု ​ဒေသခံများက​ပြောသည်။

(ဖားကန့်တွင်​ကျောက်စိမ်းတူး​ဖော်​နေ​သော စက်ယန္တရားများကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNI)
(ဖားကန့်တွင်​ကျောက်စိမ်းတူး​ဖော်​နေ​သော စက်ယန္တရားများကို ၂၀၂၀ ခုနှစ်က​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNI)

တပ်အပြောင်းအလဲ ပြုလုပ်ပြီးဖားကန့်သို့ အသစ်ရောက်ရှိလာသော စစ်ကောင်စီတပ်ရင်းတစ်ခုသည် စစ်ကောင်စီနှင့်ဆက်နွှယ်​နေ​သော ကျောက်တူးဖော်ရေးကုမ္မဏီလုပ်ကွက်များထဲတွင် တပ်ဖျောက်ထား​ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတစ်ခုသည် ဖားကန့်ဒေသသို့ မေ လ ၂၇ရက်က ရောက်ရှိလာခဲ့ပြီး အဆိုပါတပ်ရင်း ရှိရာနေရာကို ဒေသခံများက စုံစမ်းသိရှိခဲ့ခြင်းဖြစ်သည်။

“ပျောက်နေတဲ့စစ်ကြောင်းက ကုမ္မဏီထဲတွေ ဝင်ခိုနေတာ။မြန်မာတကောင်းတို့၊ တစ်သုံးလုံးတို့ သူတို့နဲ့ ပါတနာဖြစ်တဲ့ ကုမ္မဏီထဲတွေမှာ တပ်ဖျောက်နေတာ”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ဖားကန့်မြို့တွင်းအဓိကဆက်သွယ်ရေးတံတားတစ်စင်းဖြစ်သော ဥရုရတနာကျောက်စိမ်းတောင်တံတားကိုလည်း ညအချိန် ဖြတ်သန်းခွင့်မပြုတော့ဘဲ နေရာအများအပြား၌ ကင်းပုန်းဝပ်နေသည်ဟု ​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

“ညအချိန်ဆိုမြို့ပေါ်ရောမှော်ထဲရော ကင်းပုန်းဝပ်တာတွေလုပ်နေတယ်။ မှော်ထဲသွားရင်သတိနဲ့သွားလာကြပါ”ဟုဒေသတွင်း စစ်ကောင်စီလှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းနေသူတစ်ဦးကပြောသည်။

ဖားကန့်တွင်လတ်တလောစစ်ရေးအခြေအ​နေငြိမ်သက်နေပြီးမေလ ၂၃ ရက်နေ့ကတိုက်ပွဲတွင်KIA-ကချင်လွတ်​မြောက်​ရေးတပ်မ​တော် နှင့်ပြည်သူကာကွယ်ရေးတပ်-PDFတို့ပူးပေါင်းတပ်က စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။