Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃၀ခန့် သေဆုံးကြောင်း KLG PDF ပြော

ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။

(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KLG တပ်ဖွဲ့ဝင် ရဲဘော်များ)
(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KLG တပ်ဖွဲ့ဝင် ရဲဘော်များ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၌ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက် ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃၀ခန့် သေဆုံးကြောင်း KLG PDF က ထုတ်ပြန်သည်။

ယနေ့(မေ ၃၁ ရက်) နံနက် ၇နာရီခန့်က ကနီမြို့ပေါ်မှအင်အား ၈၆ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို မင်းကုန်းရွာနှင့်ညောင်ပင်ဝန်းကျေးရွာကြားတွင် KLG PDF ၊MPDF၊ Dragon Brothers Task Force-DBTF၊Yoma Fighter(Yinmarbin PDF)၊Spring Gurellia Platoon(နွေဦးပျောက်ကြားတပ်စု)၊People Defence Army Yin marbin နှင့် ဒေသခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ နံနက် ၇နာရီ မှ နေ့လည် ၂ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ပြားသည့် စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ပစ်ကူခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်လေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲ ဖြစ်စဥ်ကို KLG PDF ၏ ပြန်ကြားရေးတာဝန်ခံ၏ ဖုန်းနံပါတ်နှစ်ခုသို့ People’s Springက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းများပိတ်ခံထားရသည်။

ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။

ယင်းမာပင်မှတဆင့် ကနီမြို့နယ်သို့ အင်အား ၁၀၀ကျော်ဖြင့် စစ်ကောင်စီက ယခုလ ဒုတိယပတ်ကစ၍ စစ်ကြောင်းထိုးခဲ့သည်။

ထို့ကြောင့် မေလ ၁၅ရက်က ကနီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် သုံးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးကြောင်း ကာကွယ် ရေးတပ်များက သီးခြားစီ ထုတ်ပြန်ထားကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။