Connect with us

Hi, what are you looking for?

သတင်း

ယုန်သလင်းရွာအထက်တန်းကျောင်း ဗုံးပေါက်ကွဲမှု တော်လှန်ရေးအဖွဲ့များနှင့် လုံးဝမပတ်သက်​ကြောင်း ဟင်္သာတ PDF ထုတ်ပြန်

ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအား သွေးခွဲသည့် အထက်ပါလုပ်ရပ်များအား အကြမ်းဖက်စစ်ကောင်စီနှင့်၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ထပ်မံ ပြုလုပ်လာနိုင်ပါသဖြင့် မြို့ရွာနေပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြပါရန်လည်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံသတိပေးထားသည်။

ဟင်္သာတ PDF
ဟင်္သာတ PDF

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ယုန်သလင်းကျေးရွာအထက်တန်းကျောင်း ဗုံးပေါက်ကွဲမှုမှာ တော်လှန်ရေး များနှင့် လုံးဝမပတ်သက်ဘဲ PDFများနှင့် လူထုကြား သွေးခွဲရန် စစ်ကောင်စီက ပြုလုပ်ခြင်းဟု ဟင်္သာတပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဟင်္သာတမြို့နယ် ယုန့်သလင်းတိုက်နယ် ယုန်သလင်းကျေးရွာအထက်တန်းကျောင်းဝန်းအတွင်း ဇွန်လ ၁ရက် ညက ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုမရှ်ိခဲ့သော်လည်း ယင်းလုပ်ရပ်သည် PDFများ၏ လုပ်ရပ်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းမှား လွှင့်ခဲ့သည်။

Public Service Announcement

အဆိုပါ ဗုံးပေါက်ကွဲမှုသည်” ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်းကောင်း၊ မိမိတို့နှင့် မဟာမိတ်ဖြစ်သော တော်လှန်ရေး အင်အားစုများမှလည်းကောင်း၊ လုံးဝ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်းပြည်သူများအား အသိပေးထုတ်ပြန်လိုက်ပါသည်”ဟု ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဇွန်လ၂ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်မည့် ထိုကဲ့သို့သောလုပ်ရပ်များအား လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် NUGအစိုးရမှ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း အစဉ် တစိုက် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူထုအား အသိပေးသည်။

ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအား သွေးခွဲသည့် အထက်ပါလုပ်ရပ်များအား အကြမ်းဖက်စစ်ကောင်စီနှင့်၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ထပ်မံ ပြုလုပ်လာနိုင်ပါသဖြင့် မြို့ရွာနေပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြပါရန်လည်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံသတိပေးထားသည်။

မေလ ၃၁ရက်ကလည်း နောင်ချိုမြို့နယ် ပညာရေးမှူးရုံး ဗုံးပေါက်ကွဲခဲ့ရာ ကျောင်းအုပ်ဆရာမတစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် PDFများနှင့် လုံးဝမပတ်သက်ဘဲ စစ်ကောင်စီ၏ လက်ချက်သာဖြစ်ကြောင်း မြို့ခံကျောင်းဆရာမများနှင့် ပညာရေးဝန်ထမ်းများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ