Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် စစ်ကောင်စီတပ်က ပြည်သူခုနစ်ဦးကို လူသားဒိုင်းအသုံးပြုပြီး လေးဦးကိုသတ်ဖြတ်

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြား ချင်း တွင်းမြစ်အနောက်ဘက်ရှိ မုဋ္ဌောရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)
(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

ကနီမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ပြည်သူခုနစ်ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး လေးဦးကို သတ်ဖြတ်ထားခဲ့ကြောင်း KLG-PDF (ကျောက်လုံးကြီး)ထံမှ သတင်းရရှိသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူခုနစ်ဦးအနက် ကိုအဲဖြိုး(အသက်စုံစမ်းစဲ)၊ ဦးခင်မောင်‌တင့် (၃၉)နှစ်၊ ဦးဇော် (၄၅)၊ ကိုပု (၂၅)နှစ်တို့၏ ရုပ်အလောင်းများကို ယနေ့(ဇွန် ၄)တွင် တဇယ်ချောင်ကျေးရွာအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်။

(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)
(မုဋ္ဌောရွာတွင် စစ်​ကောင်စီတပ် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးပြီး​နောက် ​တွေ့ရစဥ်)

သေဆုံးသွားသူများမှာ လက်နောက်ပြန်ကြိုးတုပ်သည့်ပုံစံဖြင့် ပစ်သတ်ခံထားရခြင်းဖြစ်ပြီး ရုပ်အလောင်းများမှာ ပုပ်ပွနေပြီဖြစ်ကြောင်း KLG-PDF(ကျောက်လုံးကြီး)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

“လောလောဆယ် လေးဦးရဲ့ ရုပ်အလောင်းတွေပဲ ရှာတွေ့သေးတယ်။ ကျန်တဲ့သုံးဦးကို ဘယ် ကိုဖမ်းခေါ်သွားတယ်ဆိုတာ စုံစမ်းလို့မရသေးဘူး။ အဖမ်းခံရတဲ့သူအားလုံးက အမျိုးသားတွေကြီးပဲ”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များကြား ချင်း တွင်းမြစ်အနောက်ဘက်ရှိ မုဋ္ဌောရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များမှာ ယမန်နေ့(ဇွန် ၃)ကတည်းက မုဋ္ဌောရွာတွင် ဝင်ရောက်သောင်းကျန်းပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

Facebook