Connect with us

Hi, what are you looking for?

သတင်း

KNLA က ဖမ်းထားတဲ့ ရုရှားပြန်အပါအဝင် တပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီခြိမ်းခြောက်ပြီး တောင်း

ဇွန် ၂ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေဆီကို ရိက္ခာပို့ဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့အကြား ဝီယော်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

KNU
KNU

စစ်ကောင်စီရဲ့ ရုရှားပြန်ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်မလွှတ်ရင် ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာနှစ်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့ကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က ကေအဲန်ယူ-သထုံမြို့နယ် ဝီယော်စခန်းက စစ်ကောင်စီလက်အောက်ခံ ခရမ(၉)က ဗိုလ်ကြီးကျော်ဇင်ထက်နဲ့ တပ်ကြပ်ကြီးနိုင်ဦးတို့ နှစ်ဦးဟာ ထုံးဘိုကြီးကျေးရွာထဲကို ဆိုင်ကယ်နဲ့လာရောက်သတင်းထောက်လှမ်းနေစဉ် KNLA တပ်မဟာ ၁ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

KNU
KNU

အဆိုပါ စစ်ကောင်စီရဲ့ ခမရ (၉) စခန်းက တပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွနှစ်ရွာကို လ်ကန်ကကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ ခမရ(၉)တပ်ရင်းမှူးက ရွာလူကြီးကနေတစ်ဆင့် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက ဆိုပါတယ်။

ဇွန် ၂ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေဆီကို ရိက္ခာပို့ဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့အကြား ဝီယော်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီနောက် အဆိုပါတပ်ဖွဲ့တွေဟာ ခမရ(၉)စခန်းကို ပြန်လည်ဆုတ်ခွားသွားပြီး အဲ့ဒီစခန်းကနေတစ်ဆင့် ထုံးဘိုလေးနဲ့ ထုံးဘိုကြီးကျေးရွာဘက်ကို လက်နက်ကြီးအချက်(၅၀)ကျော် ဆက်တိုက်ပစ်ခတ်ခဲ့လို့ ကျေးရွာအတွင်းက အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးသွားခဲ့သလို အိမ်မွေးဝက်တစ်ကောင်လည်း သေဆုံးသွားခဲ့တာလို့ ကေအဲန်ယူက ဆိုပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုဟာ ဒီကနေ့ ဇွန် ၄ ရက်နေ့အထိ ပစ်ခတ်နေတုန်းပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလို စစ်ကောင်စီရဲ့ ခမရ(၉)စခန်းကနေ ထုံးဘိုလေး၊ ထုံးဘိုကြီးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာတွေကြောင့် ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook