Connect with us

Hi, what are you looking for?

သတင်း

ဘားအံတက္ကသိုလ် CDM ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

တတိယနှစ် သင်္ချာအထူးပြုကျောင်းသားဖြစ်သူ ကိုဉာဏ်ကိုဝင်း ကို စစ်ကောင်စီတပ်ဟာ ဖမ်းဆီးတဲ့နေရာမှာတင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ကိုဉာဏ်ကိုဝင်း ရဲ့သူငယ်ချင်းတွေ သတင်းပို့လာတယ်လို့ ကျောင်းသားသမဂ္ဂကဆိုထားပါတယ်။

ကိုဉာဏ်ကိုဝင်း
ကိုဉာဏ်ကိုဝင်း

ကရင်ပြည်နယ် ၊ဘားအံတက္ကသိုလ် မှာ CDM ကျောင်းသားတစ်ဦးကို စစ်ကောင်စီတပ်တွေ မနေ့က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

တတိယနှစ် သင်္ချာအထူးပြုကျောင်းသားဖြစ်သူ ကိုဉာဏ်ကိုဝင်း ကို စစ်ကောင်စီတပ်ဟာ ဖမ်းဆီးတဲ့နေရာမှာတင် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ကိုဉာဏ်ကိုဝင်း ရဲ့သူငယ်ချင်းတွေ သတင်းပို့လာတယ်လို့ ကျောင်းသားသမဂ္ဂကဆိုထားပါတယ်။

ဒီလို တက္ကသိုလ်ကျောင်းသားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ ၊ နှစ်ရှည်ထောင်ဒဏ်ကျခံရတာ ၊ လက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲနေကြချိန်မှာ ကျန်တဲ့ကျောင်းသားတွေအနေနဲ့ CDM လှုပ်ရှားမှုကိုဆက်လက်ထိန်းထားသင့်တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ဒီလို တရားလက်လွတ်သတ်ဖြတ်မှုအတွက် ရာနှုန်းပြည့် တာဝန်ခံရမယ်လို့ သတိပေးထားပါသေးတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။