Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့သို့ အင်အား၁၀၀ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်းသေ

ပူးပေါင်းတပ်များ၏ စနိုက်ပါ ရဲဘော်များပစ်ခတ်မှု အပါအဝင် အခြားပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ ဖယ်ခုံ တပ်ရင်း နှစ်မှရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း (၁၀၀၈) တပ်ရင်း
ရှမ်းပြည်နယ်တောင်ပိုင်း (၁၀၀၈) တပ်ရင်း

လွိုင်ကော်မှ မိုးဗြဲမြို့သို့အင်အား ၁၀၀ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း (၁၀၀၈) တပ်ရင်းက ယနေ့(ဇွန် ၈ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၇ ရက်) နံနက်ပိုင်းကစ၍ မိုးဗြဲမြို့သို့ စစ်ကောင်စီစစ်ကြောင်းမှာ စစ်ထိုးလာခဲ့ပြီးနောက် မိုးဗြဲမြို့ညောင်ဝိုင်းရက်ကွက်အနီးတွင် ဖယ်ခုံ PDF တပ်ရင်း – ၂ ၊မိုးဗြဲ PDF , KNDF BO- 3, 11, 12 ,URF နှင့် မိမိတို့ (၁၀၀၈) တပ်ရင်း ( SSRY) ပူးပေါင်းတပ်တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းတပ်များ၏ စနိုက်ပါ ရဲဘော်များပစ်ခတ်မှု အပါအဝင် အခြားပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ ဖယ်ခုံ တပ်ရင်း နှစ်မှရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

“စကစ စစ်ကြောင်းမှာက အင်အား ၁၀၀ ဝန်းကျင်ပါတယ်။လွိုင်ကော် ဝါရီကောခူကနေ ရောက်လာတာပေါ့။ထိတွေ့မှုအနေ အထားကတော့ ညနေပိုင်းအထိ”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်မြို့ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် MBPDFက ထုတ်ပြန်ထားသည်။

စျေးကုန်ရပ်ကွက်အတွင်းကျရောက်သော လက် နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး အမျိုးသမီးတစ်ဦး ဆုံးပါးခဲ့ကာ ပွဲကုန်း(၁)ရပ်ကွက်တွင်လည်း နာမကျန်းဖြစ်နေသူ အသက် ၆၀အရွယ်အမျိုးသားတစ်ဦး လက်နက်ကြီးအသံကြောင့် ထိတ်လန့်ဆုံးပါးသွားခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။