Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျပ်ထိုး ရဲစခန်းကို ပခုက္ကူ PDF ဝင်တိုက်၊ စစ်ကူလာသည့် စစ်ကားနှင့်ရဲကားများကို မိုင်းဆွဲတိုက်ခိုက်

တစ်ဖက်တွင်လည်း ကျပ်ထိုးရဲစခန်းသို့ စစ်ကူရန် မြစ်ခြေဘက်မှထွက်လာသည့် အကြမ်းဖက်စစ်ကားတစ်စီးနှင့် ကမ္မဘက်မှ ထွက်လာသည့် ရဲကား တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ပခုက္ကူ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ပခုက္ကူ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

တိုက်ပွဲများအတွင်း စစ်သား၊ ရဲနှင့်ပျူစောထီး ၂၀ထက်မနည်းသေဆုံးပြီး PDF တစ်ဦးကျဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းကို ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများ သေဆုံးထိခိုက်များပြားဟု ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဇွန်လ ၈ရက် နံနက် ၆နာရီခွဲအချိန်တွင် ကျပ်ထိုးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ခဲ့ပြီး တိုက်ပွဲမှာ တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ပခုက္ကူ PDF က(၄၀) မမ ဗုံးပစ်လောင်ချာများဖြင့် လည်းကောင်း၊ လက်နက်ငယ်များဖြင့်လည်းကောင်း ပစ်ခတ်ခဲ့ခဲ့ကြောင်း၊ ရန်သူ့ရဲစခန်းအား သိမ်းယူရန် ကြိုးပမ်းခဲ့သော်လည်း အကြမ်းဖက် စစ်ကူ ကား ၁စီး ရောက်ရှိလာခဲ့ရာ ကျည်လက်နက်အင်အားမမျှ၍ စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ တိုက်ပွဲအတွင်းမှ အရေးပေါ် ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း ကျပ်ထိုးရဲစခန်းသို့ စစ်ကူရန် မြစ်ခြေဘက်မှထွက်လာသည့် အကြမ်းဖက်စစ်ကားတစ်စီးနှင့် ကမ္မဘက်မှ ထွက်လာသည့် ရဲကား တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် ကျပ်ထိုး ရဲစခန်း တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား၊ ရဲ၊ ပျူစောထီး ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ကျပ်ထိုးရဲစခန်း အဆောက်အဦးလည်း ပျက်စီးဆုံးရှုံးများစွာ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း ပခုက္ကူ PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။