Connect with us

Hi, what are you looking for?

သတင်း

ကျပ်ထိုး ရဲစခန်းကို ပခုက္ကူ PDF ဝင်တိုက်၊ စစ်ကူလာသည့် စစ်ကားနှင့်ရဲကားများကို မိုင်းဆွဲတိုက်ခိုက်

တစ်ဖက်တွင်လည်း ကျပ်ထိုးရဲစခန်းသို့ စစ်ကူရန် မြစ်ခြေဘက်မှထွက်လာသည့် အကြမ်းဖက်စစ်ကားတစ်စီးနှင့် ကမ္မဘက်မှ ထွက်လာသည့် ရဲကား တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

(ပခုက္ကူ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ပခုက္ကူ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

တိုက်ပွဲများအတွင်း စစ်သား၊ ရဲနှင့်ပျူစောထီး ၂၀ထက်မနည်းသေဆုံးပြီး PDF တစ်ဦးကျဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းကို ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများ သေဆုံးထိခိုက်များပြားဟု ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဇွန်လ ၈ရက် နံနက် ၆နာရီခွဲအချိန်တွင် ကျပ်ထိုးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ခဲ့ပြီး တိုက်ပွဲမှာ တစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ပခုက္ကူ PDF က(၄၀) မမ ဗုံးပစ်လောင်ချာများဖြင့် လည်းကောင်း၊ လက်နက်ငယ်များဖြင့်လည်းကောင်း ပစ်ခတ်ခဲ့ခဲ့ကြောင်း၊ ရန်သူ့ရဲစခန်းအား သိမ်းယူရန် ကြိုးပမ်းခဲ့သော်လည်း အကြမ်းဖက် စစ်ကူ ကား ၁စီး ရောက်ရှိလာခဲ့ရာ ကျည်လက်နက်အင်အားမမျှ၍ စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ တိုက်ပွဲအတွင်းမှ အရေးပေါ် ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း ကျပ်ထိုးရဲစခန်းသို့ စစ်ကူရန် မြစ်ခြေဘက်မှထွက်လာသည့် အကြမ်းဖက်စစ်ကားတစ်စီးနှင့် ကမ္မဘက်မှ ထွက်လာသည့် ရဲကား တစ်စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် ကျပ်ထိုး ရဲစခန်း တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား၊ ရဲ၊ ပျူစောထီး ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ကျပ်ထိုးရဲစခန်း အဆောက်အဦးလည်း ပျက်စီးဆုံးရှုံးများစွာ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း ပခုက္ကူ PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။