Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေဇယန္တာလမ်း City Mart အနီးတွင်ကားငါးစီးဆင့်တိုက်က​လေးငယ်တစ်ဦးအပါအဝင်​ ၄ ဦးဒဏ်ရာရ

ယာဥ်တိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ် ဦးအပါအဝင် ၄ ဦး ထိဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်​တွေ့ရှိသူများက​ပြောသည်။

(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)
(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)

ရန်ကုန်မြို့တောင်ဥက္ကလာမြို့နယ်ရှိ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ City Mart အနီးတွင် (ယနေ့ ဇွန်၈ရက်) နံနက် ၈နာရီဝန်းကျင်က ကား ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ယာဥ်တိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ် ဦးအပါအဝင် ၄ ဦး ထိဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်​တွေ့ရှိသူများက​ပြောသည်။

မီးပွိုင့်မိ၍ရပ်နေသည့် ကားများကို အိမ်စီးကားတစ်စီးက အရှိန်ဖြင့်​နောက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကားများအဆင့်ဆင့်တိုက်မိခြင်းဖြစ်သည်။ တိုက်ခံရသည့် ကားများထဲတွင် ကိုယ်ပိုင်ကား ၄စီး၊ ကုမ္ပဏီကား ၁ စီးပါဝင်ပြီး စက်ဘီးနှင့်တွန်းလှည်းဈေးသည်တစ်ဦးလည်းတိုက်မိသည့်အထဲတွင်ပါဝင်သည်ဟုမျက်မြင်​တွေ့ရှိသူများပြောသည်။

ဒဏ်ရာရသူများထဲမှ တစ်ဦးမှာလက်ကျိုးသွားပြီး ၊တစ်ဦးမှာ ဦး​ခေါင်းတွင် ဒဏ်ရာရရှိကာ ကျန် နှစ်ဦး အ​ခြေအ​နေကို မသိရ​သေး​ကြောင်း သုခကာရီလူမှုကူညီ​ရေးအသင်းက ထုတ်ပြန်ထားသည်။ဒဏ်ရာရသူများကို သုခကာရီအသင်းက ကူညီပို့​ဆောင်​ပေးခဲ့​ကြောင်လည်း​ဖော်ပြထားသည်။ ဒဏ်ရာရသူတစ်ဦးမှာ တွန်းလှည်း​ဈေးသည်တစ်ဦးဖြစ်​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)
(ယာဥ်တိုက်မှု ဖြစ်ပွားပြီး​နောက်မြင်ကွင်း။ ။ဓါတ်ပုံ- သုခကာရီလူမှုကူညီ​ရေးအသင်း)

ကားဖြင့်နောက်မှ တိုက်ခဲ့သူမှာထွက်​ပြေးရန်ကြိုးစားသဖြင့် အနီးအနားရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဟုလည်း မျက်မြင်​တွေ့ရှိသူများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ ည‌နေအထိ ရရှိသောသတင်းများအရ မော်လမြိုင်မြို့ဖက်ခင်းရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊မုပွန်ရပ်ကွက်၊ ဒိုက်ဝန်းကွင်းနှင့်ဒေါင်းမင်းရပ်တွင် ရေကြီးနစ်မြုပ်နေသည်ဟု သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့ထဲသို့ ပြန်ဝင်သွားသည်ဟု သိရသည်။အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၆ရက်က အင်ကြင်းတောင်အနီး၌ ပြည်သူ နှစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့​ကြာင်း​ဒေသခံများက​ပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ်ကင်းထောက်ခြိမ်းခြောက်နေခြင်းမှာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မြေပြင် သက်သေအထောက်အထားများဖျောက်ဖျက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။