Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ဆန္ဒပြပွဲလာ​သောပြည်သူများက လက်ဝတ်ရတနာနှင့်​ငွေများကို မြိုင်PDFသို့လှူဒါန်း

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီBEGSC-MYAINGက “အညာသူအညာသားတွေရဲ့ရဲရဲတောက်တော်လှန်ရေးစိတ်ဓာတ်”ဟု ရေးသားကာ လှူဒါန်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ဝတ်ရတနာနှင့်​ငွေများကို မြိုင်PDFသို့လှူဒါန်း
လက်ဝတ်ရတနာနှင့်​ငွေများကို မြိုင်PDFသို့လှူဒါန်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကိုလက်မခံကြောင်း ဆန္ဒထုတ်ဖော်ပွဲသို့လာသည့်ကျေးရွာပြည်သူများက ၎င်းတို့ဝတ်ဆင်လာသော ရွှေငွေရတနာများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံလှူဒါန်းခဲ့သည်။

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီBEGSC-MYAINGက “အညာသူအညာသားတွေရဲ့ရဲရဲတောက်တော်လှန်ရေးစိတ်ဓာတ်”ဟု ရေးသားကာ လှူဒါန်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (ဇွန်လ၁၀ရက်)ညနေပိုင်းကမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ပြုလုပ်သော အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးတွင် ပြည်သူများက မိမိတို့ဝတ်ဆင်လာကြသောရွှေကလစ်များ ၊ ရွှေနားဆွဲများ ၊ ရွှေနားကပ်များနှင့် ငွေသားပိုက်ဆံများကို ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် လှူဒါန်းထောက်ပံ့ခဲ့ကြကြောင်း BEGSC-MYAING အဖွဲ့က သတင်းထုတ်ပြန်သည်။

နားကပ် ၊ နားဆွဲနှင့်ကလစ်စုစုပေါင်း(၂၁)စုံနှင့် ငွေသားစုစုပေါင်း ၆သိန်းကျပ်တိတိကို ကူညီထည့်ဝင်ထောက်ပံ့ခဲ့ကြကြောင်း BEGSC-MYAINGက အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုကကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူလူထုကို ကြောက်စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ နိုင်ရာတာဝန်ထမ်းပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသော ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်ုပ်တို့ ကော်မတီမှ လေးလေးစား ဦးညွတ်ဂါရဝပြုအပ်ကြောင်း BEGSC-MYAINGက ရေးသားခဲ့သည်။

ယမန်နေ့ကပင် မြိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည်မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အား လက်နက်ခဲယမ်းများဝယ်ယူရန် ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများလှူဒါန်းခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

“​ရွှေထည်ပစ္စည်းဆိုတာ ရှိရင် တန်ဆာ မရှိရင် ဝမ်းစာတဲ့… အညာဒေသမှာ စကစများက ပြည်သူတွေရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးနေချိန်မှာ အညာကပြည်သူများရဲ့စိတ်ဓါတ်ကတော့ ကျသွားခြင်းမရှိဘဲ စကစကို အမြစ်ပြတ်တော်လှန်သွားမယ်ဆိုတာ အခုလုပ်ရပ်က သက်သေပါ။”ဟုမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

“မီးရှို့လို့ တော်လှန်စိတ်ကို မတွန်းလှန်နိုင်။လွတ်လပ်ပြီး တရားမျှတတဲ့အထိ တော်လှန်သွားမယ်။စကစ ကျဆုံးရမယ်။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

ယခင်ကလ​ည်းမြိုင်ဒေသခံများက ပြည်သူ့ကာကာကွယ်ရေးအဖွဲ့များထံ လက်ဝတ်လက်စားရွှေထည်ပစ္စည်းများကိုပါ လှူဒါန်းခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။