Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက သတင်းကို​ပြောင်းပြန်ထုတ်ဟု PDFက​လေး​ပြော

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။

(PDF က​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF)
(PDF က​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF)

ကလေးမြို့နယ်မှ PDF အချို့ စစ်ကောင်စီထံ ခိုလှုံလာကြောင်း သတင်းထုတ်ပြန်မှုသည် ဟာသသက်သက်ဖြစ်ပြီး အမှန်တကယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာKalay PDF ထံ လက်နက်ချ၍ပြည်သူနှင့်ပူးပေါင်းမှုများရှိ​ကြောင်းက​လေး PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်စွန့်ပါက ကြိုဆိုမည်ဟု စစ်ကောင်စီက ယမန်နေ့(ဇွန် ၁၁ရက်)ညတွင် ဖော်ပြလာပြီး တစ်ဆက်တည်းတွင် PDF တပ်ဖွဲ့ဝင်ငါးဦး ၎င်းတို့ထံ ခိုလှုံလာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်မှုသည် ၁၀၀ ရာခိုင်နှုန်းမှားယွင်းသည့်သတင်းဖြစ်ပြီး အလွန်ရယ်စရာကောင်းသည်ဟုက​လေး PDFမှ ဆေးမှူး ဆရာမဒေါ်ရတီအုန်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

” ကလေးဘက်က PDF တွေ အလင်းဝင်တယ်ဆိုတာတော့ ဟာသလို့ပဲပြောရမယ်ရှင့်။ တကယ်တမ်းတော့ စစ်ကောင်စီဘက်ကပဲPDF Kalay ဘက်ကို လက်နက်ချတယ်။ အလင်း
ဝင်တယ်။ CDM လုပ်တယ်။ ထွက်ပြေးလာတယ်။အဲ့ဒီလို ပုံသဏ္ဍန်မျိုးစုံနဲ့ တဖွဲဖွဲ ဝင်ရောက်နေတာရှင့်” ဟုဆရာမဒေါ်ရတီအုန်းက ပြောသည်။

စစ်ကောင်စီက တစ်ဖက်လှည့်ဖြင့် ရည်ရွယ်ချက်ရှိရှိ သတင်းမှားထုတ်ပြန်ခြင်းဖြစ်ဟုက​လေးPDF ​ဆေးမှူးကဆက်​ပြောသည်။

ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များလက်နက်စွန့်ပါက ကြိုဆိုမည်ဟု သတင်းထုတ်ပြန်မှုသည် ပြည်သူလူထု၏ခုခံတော်လှန်စစ်အား မနိုင်တော့ဘဲ အရေးနိမ့်တော့မည့်အခြေအနေကို ကြောက်လန့်ကာ စစ်ကောင်စီက လေသံပျော့လာခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မှတ်ချက်ပြုသည်။

” ဒီထုတ်ပြန်ချက်က ပြည်သူ့လူထုတော်လှန်ရေးကို နောက်တစ်ဆင့် အရှိန်မြှင့်လာစေမယ်လို့ ကျွန်တော်ထင်တယ်။ PDFကို အပြတ်နှိမ့်နင်းမယ်လို့ ကြိမ်းဝါးခဲ့တာကနေ အခုတော့ လေသံပျော့လာတာ။ စစ်ကောင်စီ ကျရှုံးတော့မယ်ဆိုတာ မြင်နေရပြီ” ဟု စစ်ကောင်စီတော်လှန်ရေးတွင် ပါဝင်နေသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။