Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက သတင်းကို​ပြောင်းပြန်ထုတ်ဟု PDFက​လေး​ပြော

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။

(PDF က​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF)
(PDF က​လေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF)

ကလေးမြို့နယ်မှ PDF အချို့ စစ်ကောင်စီထံ ခိုလှုံလာကြောင်း သတင်းထုတ်ပြန်မှုသည် ဟာသသက်သက်ဖြစ်ပြီး အမှန်တကယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာKalay PDF ထံ လက်နက်ချ၍ပြည်သူနှင့်ပူးပေါင်းမှုများရှိ​ကြောင်းက​လေး PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များ လက်နက်စွန့်ပါက ကြိုဆိုမည်ဟု စစ်ကောင်စီက ယမန်နေ့(ဇွန် ၁၁ရက်)ညတွင် ဖော်ပြလာပြီး တစ်ဆက်တည်းတွင် PDF တပ်ဖွဲ့ဝင်ငါးဦး ၎င်းတို့ထံ ခိုလှုံလာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် သင်တန်းတက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဘဲ ပြန်လည်ခိုလှုံလာသူ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန်လ ၆ ရက်တွင်မိဘထံ ပြန်အပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများက ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်မှုသည် ၁၀၀ ရာခိုင်နှုန်းမှားယွင်းသည့်သတင်းဖြစ်ပြီး အလွန်ရယ်စရာကောင်းသည်ဟုက​လေး PDFမှ ဆေးမှူး ဆရာမဒေါ်ရတီအုန်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

” ကလေးဘက်က PDF တွေ အလင်းဝင်တယ်ဆိုတာတော့ ဟာသလို့ပဲပြောရမယ်ရှင့်။ တကယ်တမ်းတော့ စစ်ကောင်စီဘက်ကပဲPDF Kalay ဘက်ကို လက်နက်ချတယ်။ အလင်း
ဝင်တယ်။ CDM လုပ်တယ်။ ထွက်ပြေးလာတယ်။အဲ့ဒီလို ပုံသဏ္ဍန်မျိုးစုံနဲ့ တဖွဲဖွဲ ဝင်ရောက်နေတာရှင့်” ဟုဆရာမဒေါ်ရတီအုန်းက ပြောသည်။

စစ်ကောင်စီက တစ်ဖက်လှည့်ဖြင့် ရည်ရွယ်ချက်ရှိရှိ သတင်းမှားထုတ်ပြန်ခြင်းဖြစ်ဟုက​လေးPDF ​ဆေးမှူးကဆက်​ပြောသည်။

ပြည်သူ့ကာ့ကွယ်ရေးတပ်ဖွဲ့ဝင်များလက်နက်စွန့်ပါက ကြိုဆိုမည်ဟု သတင်းထုတ်ပြန်မှုသည် ပြည်သူလူထု၏ခုခံတော်လှန်စစ်အား မနိုင်တော့ဘဲ အရေးနိမ့်တော့မည့်အခြေအနေကို ကြောက်လန့်ကာ စစ်ကောင်စီက လေသံပျော့လာခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က မှတ်ချက်ပြုသည်။

” ဒီထုတ်ပြန်ချက်က ပြည်သူ့လူထုတော်လှန်ရေးကို နောက်တစ်ဆင့် အရှိန်မြှင့်လာစေမယ်လို့ ကျွန်တော်ထင်တယ်။ PDFကို အပြတ်နှိမ့်နင်းမယ်လို့ ကြိမ်းဝါးခဲ့တာကနေ အခုတော့ လေသံပျော့လာတာ။ စစ်ကောင်စီ ကျရှုံးတော့မယ်ဆိုတာ မြင်နေရပြီ” ဟု စစ်ကောင်စီတော်လှန်ရေးတွင် ပါဝင်နေသည့် တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook