Connect with us

Hi, what are you looking for?

သတင်း

ဝေါ​လေစခန်းသိမ်းတိုက်ပွဲတွင် အဖမ်းခံထားရ​သော PDFကိုး ဦးကိုကယ်ထုတ်နိုင်ခဲ့၊ ရဲငါးဦးကိုဖမ်းမိ

“ရန်သူဘက်ကလည်း စခန်းတစ်ခုနဲ့ တစ်ခုကလည်း ဘယ်လိုပြောရမလဲ အပြင်မထွက်ရဲဘူးလေ။ မထွက်ရဲတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က အလစ်အငိုက် စီးနင်းတိုက်ခိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

(သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNDOဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PK)
(သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNDOဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PK)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဝေါ်လေမြို့ရှိ စစ်ကောင်စီရဲစခန်းသိမ်းပိုက်ခဲ့ရာ ဖမ်းဆီးခံထားရ​သောPDFတပ်ဖွဲ့ဝင်၉ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ၊စစ်​ကောင်စီတပ်သားနှင့် ရဲ ငါးဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့​ကြောင်းကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇွန် ၁၄ ရက်)တွင် ထုတ်ပြန်သည်။

ထိုအပြင် ​ဝေါ​လေရဲစခန်းမှ ၆၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များသိမ်းဆည်းရမိခဲ့​ကြောင်းဓာတ်ပုံမှတ်တမ်းများနှင့်တစ်ကွ အဆိုပါတပ်ဖွဲ့ဝင်က ​ဖေစ်ဘွခ်တွင်​ရေးသားအသိ​ပေးသည်။

(သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNDOဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PK)
(သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNDOဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PK)

“ဝေါ်လေ ရဲစခန်း အလှူတော်မဂ်လာအတွက် ကျေဇူးပါ မင်းအောင်လှိုင်။ဖိုးကာ စတိုင်ကိုShow ရူးသွားမယ်စကစအရှင်၅ဦးဖမ်းမိ PDF၉ဦး ကယ်ထုတ်နိင်ခဲ့တယ်”ဟု အထက်ပါ KNDO တပ်ဖွဲ့ဝင်က ရေးသား ထားသည်။

ယမန်နေ့(ဇွန် ၁၃ ရက်)နံနက်အ​စောပိုင်းက KNDO နှင့် ပူးပေါင်းတပ်များက ​​ဝေါ​လေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲသုံးဦး​သေဆုံးပြီးစခန်းမှူးအပါအဝင် ရဲ ၃ဦးကို အရှင်ဖမ်းမိခဲ့​ကြောင်းကနဦးထြတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

(သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNDOဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PK)
(သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများနှင့် KNDOဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PK)

ဝေါ်လေမြို့ပေါ် စခန်းသိမ်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က စစ်ကူပေးနိုင်ခဲ့ခြင်းမရှိခဲ့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ရန်သူဘက်ကလည်း စခန်းတစ်ခုနဲ့ တစ်ခုကလည်း ဘယ်လိုပြောရမလဲ အပြင်မထွက်ရဲဘူးလေ။ မထွက်ရဲတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က အလစ်အငိုက် စီးနင်းတိုက်ခိုက်တဲ့သဘောပါပဲ” ဟု ၎င်းက ပြောသည်။

အကယ်၍ စစ်ကူလာပါကလည်း လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများမည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook