Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှ ဖယ်ထုတ်ရန် JFM တောင်းဆို

လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

Justice For Myanmar
Justice For Myanmar

မြန်မာစစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM)မှ ဖယ်ထုတ်ရန် Justice For Myanmar က တောင်းဆိုသည်။

အာဆီယံသည် လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ပါဝင်မှုကို ခွင့်ပြုထားခြင်းသည် လွန်စွာမှားယွင်းသည့် လုပ်ရပ်ဖြစ်ပြီး အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ်ပျက်ကွက်နေရုံသာမက မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေခြင်းက စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေ ခြင်းဖြစ်ကြောင်း JFM က ထုတ်ပြန်သည်။

“မြန်မာစစ်ကောင်စီက ဒီမိုကရေစီနည်းကျပြည်သူလူထုရဲ့ အသိအမှတ်ပြုတာမရှိပဲ အစိုးရတစ်ရပ်အဖြစ် သူတို့ဘာသာ စိတ်ထင်တိုင်းဖွဲ့စည်းထားတဲ့ တရားမဝင်အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ၊ ကုလသမဂ္ဂစင်မြင့်မှာလည်း မြန်မာနိုင်ငံအပေါ် ကိုယ်စားပြုခွင့် မရှိပါဘူး” ဟု JFM က ဆိုသည်။

ထို့အတွက် လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များ လုပ်ဆောင်ရန်၊ အာဆီယံ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဘောင် တစ်ရပ် ဖော်ဆောင်ရန်၊ လက်နက်ပိတ်ဆို့ရေးအပါအဝင် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့လွှဲပြောင်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်ပူးပေါင်းရန် အချက်များကို တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

သတင်း

KDDI နဲ့ Sumitomo Corporation တို့အနေနဲ့စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ‌လုပ်‌ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ Justice For Myanmar(JFM) အပါအဝင် ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။