Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှ ဖယ်ထုတ်ရန် JFM တောင်းဆို

လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

Justice For Myanmar
Justice For Myanmar

မြန်မာစစ်ကောင်စီကို အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး(ADMM)မှ ဖယ်ထုတ်ရန် Justice For Myanmar က တောင်းဆိုသည်။

အာဆီယံသည် လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ပါဝင်မှုကို ခွင့်ပြုထားခြင်းသည် လွန်စွာမှားယွင်းသည့် လုပ်ရပ်ဖြစ်ပြီး အရေးယူဆောင်ရွက်ရန် အကြိမ်ကြိမ်ပျက်ကွက်နေရုံသာမက မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေခြင်းက စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေ ခြင်းဖြစ်ကြောင်း JFM က ထုတ်ပြန်သည်။

“မြန်မာစစ်ကောင်စီက ဒီမိုကရေစီနည်းကျပြည်သူလူထုရဲ့ အသိအမှတ်ပြုတာမရှိပဲ အစိုးရတစ်ရပ်အဖြစ် သူတို့ဘာသာ စိတ်ထင်တိုင်းဖွဲ့စည်းထားတဲ့ တရားမဝင်အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ၊ ကုလသမဂ္ဂစင်မြင့်မှာလည်း မြန်မာနိုင်ငံအပေါ် ကိုယ်စားပြုခွင့် မရှိပါဘူး” ဟု JFM က ဆိုသည်။

ထို့အတွက် လာမည့် ဇွန်လ ၂၂ တွင် ကျင်းပမည့် ADMM အစည်းအဝေးအပါအဝင် အာဆီယံ၏ အစည်းအဝေးနှင့် လှုပ်ရှားမှုအားလုံးမှ မြန်မာစစ်ကောင်စီကို ဖယ်ရှားရန်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် JFM က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များ လုပ်ဆောင်ရန်၊ အာဆီယံ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဘောင် တစ်ရပ် ဖော်ဆောင်ရန်၊ လက်နက်ပိတ်ဆို့ရေးအပါအဝင် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့လွှဲပြောင်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်ပူးပေါင်းရန် အချက်များကို တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။