Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့​ပေါ်တိုက်ပွဲသုံးခုတွင်စစ်​ကောင်စီတပ် အနည်းဆုံး၅ ဦး​သေ၊၈ဦးဒဏ်ရာရဟုCDF-မင်းတပ်​ပြော

မင်းတပ်မြို့အဝင်ဂိတ်တိုက်ခိုက်ခံနေသည့်နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကနုလည်း နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် မင်းတပ်မြို့ လဝကရုံးအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီးငါးဦးထက်မနည်းဒဏ်ရာရရှိနိုင်သည်ဟု CDF မင်းတပ်ကအသိ​ပေးသည်။

(ချင်း​ဒေသကာကွယ်​ရေးတပ်CDF-မင်းတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-မင်းတပ်)
(ချင်း​ဒေသကာကွယ်​ရေးတပ်CDF-မင်းတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-မင်းတပ်)

●CDF-မင်းတပ်၏ မြို့သိမ်းတိုက်ပွဲအတွက်အစမ်း​လေ့ကျင့်မှုဟု​ပြော​ရေးဆိုခွင့်ရှိသူ​ဖေစ်ဘွခ်တွင်​ရေးသားထား

မင်းတပ်မြို့တွင် ယနေ့နံနက်တိုက်ပွဲသုံးကြိမ်ဖြစ်ပွားရာစစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိနိုင်ကြောင်းချင်း​ဒေသကာကွယ်​ရေး​တပ်CDF-မင်းတပ်ကထုတ်ပြန်သည်။

နံနက်၇နာရီခန့်တွင် စစ်ကောင်စီတပ်စွဲထားသည့်မင်းတပ်မြို့ဝင်ဂိတ်အားCDFမင်းတပ်ကတိုက်ခိုက်ခဲ့သည်။ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မသေဆုံးသူနှင့် ဒဏ်ရာရရှိသူများမည်ဟု CDF-မင်းတပ် သတင်းနှင့်ပြန်ကြားရေးဌာနကခန့်မှန်းပြီး အ​ရေအတွက်ကို​ဖော်ပြထားခြင်းမရှိ​ပေ။

မင်းတပ်မြို့အဝင်ဂိတ်တိုက်ခိုက်ခံနေသည့်နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကနုလည်း နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် မင်းတပ်မြို့ လဝကရုံးအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီးငါးဦးထက်မနည်းဒဏ်ရာရရှိနိုင်သည်ဟု CDF မင်းတပ်ကအသိ​ပေးသည်။

(ချင်း​ဒေသကာကွယ်​ရေးတပ်CDF-မင်းတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-မင်းတပ်)
(ချင်း​ဒေသကာကွယ်​ရေးတပ်CDF-မင်းတပ် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF-မင်းတပ်)

ထိုအပြင်နံနက် ၉နာရီခွဲခန့်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှနှစ်ဦးသေဆုံးပြီးသုံးဦးထက်မနည်း ဒဏ်ရာရရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အထိနာသွားသဖြင့်မင်းတပ်အခြေစိုက် ၂၇၄တပ်ရင်းနှင့်ကျောက်ထုအမြောက်တပ်တို့မှလက်နက်ကြီးကိုးချက်ပစ်ကူးခဲ့ကြောင်း၊နှစ်ကြိမ်မှာဘောင်ထဲကျေးရွာအနီး တောင်ယာများတဝိုက်တွင်ကျသွားပြီးအပျက်အစီးကို စုံစမ်းလျှက်ရှိသည်ဟု CDF-မင်းတပ်သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားသည်။

Public Service Announcement

မင်းတပ်မြို့​ပေါ် ယနေ့ တိုက်ပွဲများနှင့်ပတ်သပ်၍ CDF-မင်းတပ်၏ မြို့သိမ်းတိုက်ပွဲအတွက် အစမ်းလေ့ကျင့်ခန်းဆင်းခြင်းဖြစ်ကြောင်းCDF-မင်းတပ်ပြောရေးဆိုခွင့်ရှိသူကို​ယောမောင်ကလူမှုကွန်ယက်တွင်​ရေးသားထားသည်။

“CDF-မင်းတပ်၏ မြို့သိမ်းပွဲ ရီဟာဇယ် လေ့ကျင့်ခန်းဆင်းခြင်း။မနက် ၈ နာရီလောက်ကနေ စပြီးမင်းတပ်မြို့တွင်းမှာCDF နဲ့ စကစ နေရာ (၃) ခုမှာ တိုက်ပွဲဖြစ်တယ်။ မနက် ၁၁ နာရီဝန်းကျင်အထိအပြန်အလှန်လက်နက်ကြီး၊ လက်နက်ငယ်‌တွေ ချနေတုန်း။ ဒီတစ်ခေါက် မြို့ပေါ်တက်ပစ်တဲ့ CDF ကလည်း အရင်အကြိမ်တွေထက်စာရင်အင်အားများတယ်။ စကစတွေလည်း တော်တော်အထိနာတယ်” ဟုကိုယောမောင်က ရေးသားထားသည်။

မင်းတပ်တွင် ဇွန်လဆန်းတွင်တိုက်ပွဲအနည်းငယ်ငြိမ်သက်နေရာမှ စစ်ကောင်စီတပ် တပ်စွဲထားသည့် ပူကွန်ကျေးရွာတွင်ဇွန် ၁၃ရက် ညမှစ၍ တိုက်ပွဲများပြန်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook