Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီယာဥ်တန်းကိုPDFများနှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

(မန္တလေး-မုံရွာလမ်းပေါ် ဖြတ်သန်းသွားလာနေသောစစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မန္တလေး-မုံရွာလမ်းပေါ် ဖြတ်သန်းသွားလာနေသောစစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တန်းအားမဟာမိတ်အဖွဲ့များကနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMUအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ၁၄ရက်နေ့) နံနက်(၁၁:၁၅)နာရီခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကွန်တိန်နာကား(၆)စီးပါ ယာဥ်တန်းသည် မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုယာဥ်တန်းမှ (၂)စီးမြောက်ကားအားမိုင်း၃လုံးဖြင်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကားခေါင်းပိုင်းအားထိမှန်ခဲ့သည်ဟုBlack Eagle Defence Force-MMUအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

နံနက် ၁၁ နာရီ ၄၃ မိနစ်ခန့်ကလည်း ၄င်းယာဥ်တန်းအား ဘိုးမင်းကြီးကင်းကျေးရွာ နှင့် ဂွေးပင်တောကျေးရွာကြားတွင်မိုင်းများဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ(၄)စီးမြောက်ကားအား ထိထိမိမိထိမှန်ခဲ့ကြောင်း၊အကျအဆုံးနှင့် ဒဏ်ရာရအခြေအနေ မသိရသေးဟု Black Eagle Defence Force-MMUကဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါစစ်ဆင်ရေးနှစ်ခုအား မြင်းမူမြို့ Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force(မြင်းမူလျှပ်စီး ပြောက် ကျားအဖွဲ့) နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOMတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ဆင်ရေးများတွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်အကျအဆုံးမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

ဇွန်လ ၁၁ ရက်နေ့ညနေပိုင်းကမြင်းမူမြို့နယ် တောချောင်းဦးကျေးရွာ ရဲကင်းစခန်းကို GTR MMU ၊Zarmini Revolution Force၊စစ်ကိုင်းခရိုင်တပ်ရင်း(၁)မဟာမိတ်၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဝင် ၂ ဦးသေဆုံးခဲ့ကြောင်းGTRMMUအဖွဲ့ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook