Connect with us

Hi, what are you looking for?

သတင်း

ကန်ရွာတွင် စစ်​ကောင်စီတပ်စခန်းချပြီး ပြည်သူများအားနှိပ်စက်​နေ၍ ဂန့်​ဂေါ – က​လေးလမ်းပိုင်းအား သွားလာခြင်းမပြုကြရန် PDF သတိ​ပေး

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

ကန်ရွာတွင် စစ်​ကောင်စီတပ်စခန်းချပြီး ပြည်သူများအားနှိပ်စက်
ကန်ရွာတွင် စစ်​ကောင်စီတပ်စခန်းချပြီး ပြည်သူများအားနှိပ်စက်

အကြမ်းဖက် စစ်​​ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာအတွင်း စခန်းချပြီး ကျေးရွာ​နေပြည်သူများကို ဖမ်းဆီး နှိပ်စက်နေခြင်းကြောင့် ဂန့်ဂေါ – ကလေးလမ်းပိုင်းအား ခရီးသွားလာခြင်းမပြုကြရန် PDF ဂန့်​ဂေါက သတိပေးထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ၆ ရက်ကတည်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ စစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းသို့ ထိုးလာ​သော စစ်​ကြောင်းနှစ်ကြောင်း စသည့် စစ်​ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။

အဆိုပါ စစ်ကြောင်းနှစ်ကြောင်းသည် ဇွန်လ ၁၂ ရက်တွင် သာကောင်းကျေးရွာ၌ ပေါင်းစည်းပြီး လက်ရှိတွင် ကန်ရွာတွင်း စခန်းချနေထိုင်ကာ အပြစ်မဲ့​ဒေသခံ ပြည်သူများကို ဖမ်းဆီးခြင်း၊နေအိမ်များကို မီးရှို့ခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်လျက်ရှိသည်ဟု PDF ဂန့်ဂေါက ထုတ်ပြန်ထားသည်။

Public Service Announcement

စစ်ကောင်စီတပ်သားများသည် ကျောက်ဂူတောရအနီးတွင် ကင်းပုန်းများချကာ တပ်ဖြန့်ထားသောကြောင့် ဂန့်ဂေါ – ကလေးလမ်းပိုင်းကို သွားလာခြင်းမပြုကြရန်လည်း သတိပေးထားသည်။ ထို့အပြင် အဆိုပါစစ်ကြောင်းများနှင့် ဝေးရာတွင် နေထိုင်ပေးကြရန်လည်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကြောင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တပ်ရင်းများနှင့် ဇွန်လ ၉ ရက်က ရေရှင်ရွာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။