Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်တွင် စစ်ကောင်စီစစ်ကြောင်းကို နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာ ခုနှစ်ဦးခန့်သေဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ပြော

တိုက်ပွဲဖြစ်စဥ်များအရ ဇွန်လ ၁၂ ရက် နေ့လည် ၁ နာရီခန့်က မင်းတိုင်ပင်ကျေးရွာဘက်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို မင်းတိုင်ပင်နှင့် လက်ပုကန်ကျေးရွာအကြားတွင် ပထမတစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပုလဲနယ်တွင် စစ်ကောင်စီစစ်ကြောင်းကို နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်
ပုလဲနယ်တွင် စစ်ကောင်စီစစ်ကြောင်းကို နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့် ထိခိုက်သေဆုံးကြောင်းမြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ယနေ့(ဇွန် ၁၆ ရက်)ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ ဇွန်လ ၁၂ ရက် နေ့လည် ၁ နာရီခန့်က မင်းတိုင်ပင်ကျေးရွာဘက်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို မင်းတိုင်ပင်နှင့် လက်ပုကန်ကျေးရွာအကြားတွင် ပထမတစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇွန်လ၁၃ရက် နေ့လည် ၁နာရီခန့်တွင် လက်ပုကန်ကျေးရွာအရှေ့ဘက်နား၌ ဒုတိယတစ်ကြိမ် မိုင်းဆွဲဖြတ်တောက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ကို အင်အားလျှော့နိုင်ခဲ့ကြောင်း အသိပေးသည်။

“အခုဒီနေ့လည်း ပုလဲအထွက် သရက်ကန်မှာ စစ်ကောင် စီတပ်နဲ့ ဆက်တိုက်နေတုန်းပဲ။အသေးစိတ်မသိရသေးဘူး။ပြီးခဲ့တဲ့ရက်က ထိတွေ့မှုဖြစ်စဥ်ကတော့ ကျောဘက်ကနေ ဖြန့်ဆင်းလာတဲ့ စခတပ်ကို တိုက်မိုင်းတွေ သုံးပြီးကြားဖြတ်တိုက်တာ။သူတို့ဘက်က အင်အား ၂၀၀ လောက်ပါတယ်”ဟု MRDA ၏ ပုလဲအခြေစိုက်တာဝန်ရှိသူ ကိုပုလဲမောင်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အကြိမ်ကြိမ် ခြုံခိုဖြတ်တောက်ခံရသော စစ်ကောင်စီစစ်ကြောင်းသည် ပုလဲ -ဂန့်ဂေါလမ်းမကြီးအနီးရှိ လက်ပုကန်ကျေးရွာနေ အသက်(၈၀)အရွယ်၊ အသက် (၇၀) အရွယ်အဘိုး နှစ်ဦးနှင့် အသက် (၆၀) အရွယ်အဘွားတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင်အိုးအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကြားဖြတ်တိုက်ခိုက်မှုများတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ရဲဘော်များအားလုံး အထိခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ယခုလဆန်းပိုင်းကစ၍ ပုလဲမြို့နယ်အတွင်း စစ်ကောင် စီတပ်က ကားအစီးရေ ၉၀ခန့်ဖြင့် ဝင်ရောက်လာပြီးနောက် တိုက်ပွဲများနေ့စဥ်နီးပါး ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook