Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်မှဆင်းလာသည့် အစီး၁၀၀ ကျော်ပါ စစ်ကောင်စီယာဥ်တန်း ယင်းမာပင်နယ်ကိုဖြတ်ပြီ

မုံရွာအခြေစိုက် စစ်ကောင်စီတပ်ဌာနချုပ်တစ်ခုဖြစ်သော နမခတပ်မှလည်း ထိုယာဥ်တန်းအားစောင့်ကြိုရန် ယနေ့နံနက် ၆ နာရီခန့်မှစပြီး ပုသိမ် – မုံရွာလမ်းပိုင်း၌ အင်အားအပြည့်ပါသော ယာဥ်ခြောက်စီးဖြင့် လမ်းကြောင်းရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

(မ​ကွေးတိုင်း ​ကျောက်ထု​လေဆိပ်မှ ချင်းပြည်နယ်သို့ သွား​ရောက်​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl - Mindat)
(မ​ကွေးတိုင်း ​ကျောက်ထု​လေဆိပ်မှ ချင်းပြည်နယ်သို့ သွား​ရောက်​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl - Mindat)

▪️ပြည်သူများသတိပြုနေထိုင်ကြရန် PDFများအသိပေး

ချင်းတောင်မှ ဆင်းလာသည့် အစီး၁၀၀ကျော်ပါ စစ်ကောင်စီယာဥ်တန်းသည် ပုလဲမြို့နယ်မှတစ်ဆင့် ယင်းမာပင်နယ်သို့ ဖြတ်သန်းဝင်ရောက်နေပြီဖြစ်ပြီး လမ်းဘေးဝဲယာရှိ ဒေသခံပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက အသိပေးသည်။

ဇွန်လ ၁၅ရက်တွင် ပုလဲမြို့မှ စထွက်လာသော အဆိုပါယာဥ်တန်းသည် ၎င်းတို့ဖြတ်သန်းသွားသော ပုလဲ – ယင်းမာပင် – မုံရွာလမ်းပိုင်းရှိ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းအပြင် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်ဟု PDF တပ်ဖွဲ့များက ပြော သည်။

“စကစယာဥ်တန်းက ပုလဲနယ်ကိုဖြတ်ပြီး ဒီက နေ့(ဇွန် ၁၅)မှာ ယင်းမာပင်ထဲစရောက်ပြီဗျ။ အစီးရေ ၁၀၀ ကျော်ပါတယ်။ တပ်ပြောင်းတာလို့ သိထားရတယ်။ လမ်းမှာတွေ့သမျှ ပစ္စည်းတွေသယ်တယ်။ မနိုင်တဲ့ဟာကို ဖျက်ဆီးထား ခဲ့တယ်။ မပြေးနိုင်တဲ့ သက်ကြီးပိုင်းတွေကို သတ်ထားခဲ့တာမျိုးလည်း ရှိတယ်ဗျ”ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ယာဥ်တန်းသည် ယနေ့(ဇွန် ၁၆)နံနက် ၁၀ နာရီခန့်တွင် ယင်းမာပင်နယ် လည်ငေါက်ရွာသို့ ရောက်ရှိနေပြီဖြစ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပရိဘောဂများနှင့် အတွင်းပစ္စည်းများကို အနိုင့်ကျင့်ယူငင်မှုများကျူးလွန်နေကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လည်ငေါက်မရောက်မီ သရက်ကန်ကျေးရွာအားဖြတ်လာစဥ် ယာဥ်တန်းပါ စစ်ကောင်စီတပ်များက ဒေသခံအမျိုးသားသုံးဦးကို ယာဥ်တန်းနှင့်အတူ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းမာပင်မြို့သို့ ဦးတည်ထွက်ခွာနေသည်ဟု ဆိုသည်။

မုံရွာအခြေစိုက် စစ်ကောင်စီတပ်ဌာနချုပ်တစ်ခုဖြစ်သော နမခတပ်မှလည်း ထိုယာဥ်တန်းအားစောင့်ကြိုရန် ယနေ့နံနက် ၆ နာရီခန့်မှစပြီး ပုသိမ် – မုံရွာလမ်းပိုင်း၌ အင်အားအပြည့်ပါသော ယာဥ်ခြောက်စီးဖြင့် လမ်းကြောင်းရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ချင်းတောက်ဘက်မှ တပ်ပြောင်းလာသော အထက်ပါယာဥ်တန်းတွင် ဆက်သွယ်ရေးစနစ်အားဖြတ်တောက်သည့် Jumper စက်များ၊ မိုင်းရှာခွေးများလည်းပါဝင်ပြီး ၎င်းတို့ယာဥ်တန်းဖြတ်သန်းသွားသောလမ်းကြောင်းတစ် လျှောက် ယာဥ်တန်းနှင့်တစ်မိုင်ပတ်လည်ကို ဖုန်းလိုင်းများဖြတ်တောက်လေ့ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။