Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က အင်းတော်မြို့နယ်တွင်း စစ်ကြောင်းထိုးရာတွင်ပြည်သူများကိုဖမ်းဆီး၍လူသားဒိုင်းအသုံးပြု​နေ

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

(အင်း​တော်​ဒေသတွင်သွားလာ​နေ​သောစစ်​ကောင်စီကားတစ်စိး။ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-IR)
(အင်း​တော်​ဒေသတွင်သွားလာ​နေ​သောစစ်​ကောင်စီကားတစ်စိး။ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-IR)

အကြမ်းဖက်စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာတွင် လမ်းမှာတွေ့သမျှပြည်သူတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုမှု ပိုစိပ်လာကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့ Indaw Revolution – IR ကအသိပေးထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၆) နံနက်ပိုင်းတွင်နဘားကျေးရွာဘက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီးလူသားဒိုင်းအဖြစ်အသုံး ပြုမှုရှိနေကြောင်းဖော်ပြသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကမ်းနီရွာသား ၂၁ ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းနှင့်အတူ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခဲ့သည်ဟု IR အဖွဲ့ကပြောသည်။

“ဒီဖက်အခေါ်ကတော့ ပေါ်တာဆွဲတယ်ပေါ့။ သူတို့(စကစတပ်)ကလူသားဒိုင်းအဖြစ်သုံးတာတင်မကသေးဘူး ပါလာသမျှအထုပ်အပိုးတွေပါထမ်းခိုင်း၊ သယ်ခိုင်းသေးတာ”ဟု Indaw Revolution – IR မှ ရဲဘော်တစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်းတော်မြို့နယ်အား စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေပြီး ၎င်းစစ် ကြောင်းများမှာ နဘား၊ မဲဇာနှင့် မော်လူး စသည့်ကျေးရွာများဘက်သို့ ရောက်ရှိနေကြောင်း အထက်ပါရဲဘော်က တက်ပြောသည်။

ယမန်နေ့(ဇွန် ၁၅)ကလည်းအင်းတော်မြို့အထက်ပိုင်းနဘားဘက်သို့ဝင်ရောက်နေသောစစ်ကြောင်းနှင့်အင်းတော်အောက်ပိုင်း ကျောင်းကုန်းဘက်သို့ဝင်ရောက်သောစစ်ကြောင်းများကို PDF ပူးပေါင်းတပ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အင်းတော်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းတွင်အင်အား ၁၀၀ ဝန်းကျင်ခန့်ပါဝင်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook