Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင်​သောက်စားမူးယစ်​နေ​သောစစ်​ကောင်စီတပ်နှင့် ပျူများကိုမိုင်းခွဲတိုက်ခိုက်ရာ ၁၂ဦးထက်မနည်း​သေဟု PDF များ​ပြော

ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

(စစ်​တပ်အာဏာသိမ်းပြီး​နောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုအကြမ်းဖက်ဖြိုခွင်းခဲ့စဥ်က မုံရွာတွင် စစ်​ကောင်စီတပ်များလုံခြုံ​ရေးမြှင့်ထားစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​တပ်အာဏာသိမ်းပြီး​နောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုအကြမ်းဖက်ဖြိုခွင်းခဲ့စဥ်က မုံရွာတွင် စစ်​ကောင်စီတပ်များလုံခြုံ​ရေးမြှင့်ထားစဥ်။ ။ဓါတ်ပုံ-CJ)

သုံးဦးမှာလည်းဒဏ်ရာပြင်းထန်၍​​သေနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စားသောက်ဆိုင်တွင်း၌ မူးယစ်သောက်စားရမ်းကားနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား မိုင်းနှစ်လုံး​ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၂ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။

၁၂ ဦးခန့်သေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း Monywa Nightking အဖွဲ့တာဝန်ရှိသူက ပြောသည်။

“နမခက စစ်တပ်အတွက်သုံးတဲ့ ကြက်ခြေနီတံဆိပ်ကားနဲ့သုံးခေါက်သယ်သွားပါတယ်။ သေတာ၁၂ဦးပါ။ ၃ဦးကလည်း သေမှာပါ။ သွေးထွက်လွန်နေပြီ။။ အင်အားက၃၀ ကျော်ရှိတယ်။မူးရူးနေကြတာ။ပျူ၊ စစ်သား အကုန်ပါတယ်။ အဲဒါဖြစ်ပြီး ထန်းတောကြီးစစ်ကြောင်း၊အနောက်ဖက်ကစစ်ကြောင်းတွေ မြို့တွင်းပြန်ဆင်းလာပါတယ်။”ဟု Monywa Nightking အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

DRPA မှ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း”ဒီကောင်တွေသောက်စားမူးယစ်ပြီး ဟေးလားဝါးလားလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲဘော်တွေက သွားပြီးမိုင်းနှစ်လုံးပစ်ခဲ့တာ။ ပစ်တဲ့အခါမှာလည်း ဒီကောင်တွေရဲ့စားပွဲကို ကွက်တိကျသွားတယ်”ဟု DRPA မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြော သည်။

အဆိုပါ မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် အပေါင်းပါ ၁၅ ဦးခန့်သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ် ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါတိုက်ခိုက်မှုကို ဇီးကွက်စစ်ဆင်ရေးဟုအမည်ပေးထားပြီး DRPA ၊ Monywa Night King နှင့် MACT ထောက်ပို့တပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များအားလုံး​ဘေးကင်း​ကြောင်း လည်း၎င်းတို့က​ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သော စွယ်တော်ဦးစား သောက်ဆိုင်မှာ စစ်ကောင်စီတပ်နှင့် လက်ပါး စေများ မကြာဏခဝိုင်းဖွဲ့စားသောက်လေ့ရှိသည့်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ယင်းဆိုင်ရှေ့၌ပင် စစ်ကောင်စီတပ်များက ဆိုင်ကယ်ဖမ်းဆီးခြင်း၊ ယာဥ်မောင်းလိုင်စင်စစ်ခြင်းစသည်တို့ကို ပြုလုပ်လေ့ရှိကြောင်း

ထိုအပြင်ယနေ့ညပိုင်းတွင်လည်း မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ပစ်ခတ်သံများကြားနေရပြီး ဗုံးပေါက်ကွဲမှူတစ်ခုလည်းဖြစ်ပွားခဲ့သေးကြောင်း ဒေသခံအချိူ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook