Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ် လင်းစာကျက်ရွာတွင် စစ်​ကောင်စီတပ်က ပြည်သူနှစ်ဦးကိုသတ်ဖြတ်ပြီး နေအိမ်၁၀၀ ကျော်အား မီးရှို့ဖျက်ဆီး

နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်​​ထောင်စု ၁၀၉စု၊​နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။

(မီးလောင်ပျက်စီးသွားသော လင်းစာကျက်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(မီးလောင်ပျက်စီးသွားသော လင်းစာကျက်ကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လင်းစာကျက်ကျေးရွာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၀၀ကျော်အား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ဇွန်လ ၁၂ ရက်ညနေ ၆နာရီအချိန်မှစ၍ လင်းစာကျက်ကျေးရွာကို စာရင်းစာရွက်များကိုင်ဆောင်ကာ နေရာသုံးနေရာခွဲပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်​​ထောင်စု ၁၀၉စု၊​နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။

ထို့အပြင် ကျေးရွာရှိ အပြည်မဲ့ ​ဒေသခံပြည်သူနှစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားပြီး ဦးခေါင်းအရိုးစုကိုသာ မြင်တွေ့ခဲ့ရကာ မည်သူမည်ဝါဟု မသိရသေးကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီတပ်က ရွာသူရွာသား ၁၅ဦးကိုလည်း ဖမ်းဆီးသွားပြီး အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်သည် ဇွန်လ ၁၀ ရက်ကလည်း ငွေသာကျေးရွာရှိ နေအိမ် ​လေးလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြသေးသည်။

ယင်းရွာများအပြင် အန်ီးနားရှိကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီခံထားရသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လင်းစာ ကျက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဇွန်လ ၁၄ ရက်က Salingyi Border Task Force – SBTF ၊BDF၊Monywa Inventor၊Triple Two၊Alpha Special Forceတို့နှင့်အတူ ဒေသခံကာကွယ်ရေးအဖွဲ့ မဟာမိတ်ညီနောင်များစုပေါင်းကာ စိန်ပြောင်းလက်နက်ကြီး(၆၀)မမ၊ (၈၀)မမ၊ (၁၂၀)မမတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၁ ဖေဖော်ဝါရီ၁ ရက်မှ ၂၀၂၂ မေလ ၃၁ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက် ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့၍ လူနေအိမ်ပေါင်း ၁၃,၈၄၀ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။