Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ​ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့ဆု​တောင်းပွဲနှင့် ချီတက်ဆန္ဒပြပွဲ စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရ

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

ဓာတ်ပုံ - Kachin News Group
ဓာတ်ပုံ - Kachin News Group

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဘုံကျေးရွာတွင် ဒေသခံများက ​ဒေါ်​အောင်ဆန်းစုကြည်၏ ​မွေး​နေ့ဆု​တောင်းပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ယနေ့ပြုလုပ်နေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - Kachin News Group
ဓာတ်ပုံ – Kachin News Group

လုံးခင်းကျေးရွာအုပ်စု၊ မှော်ဘုံကျေးရွာတွင် ယနေ့(ဇွန် ၁၉ရက်) နေ့လယ် ၁၂နာရီခန့်က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး သုံးကြိမ်ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“မှော်ဘုံမှာ သပိတ်စစ်ကြောင်းတစ်ခုရှိနေတုန်း စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းထုတာ။ စစ်ကြောင်းကို မထိဘူး။ ဒေသခံသုံးယောက်တော့ ထိသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူသုံးဦးအနက် (၅၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဒဏ်ရာပြင်းထန်၍ ဖားကန့်ဆေးရုံတွင် တက်ရောက်ကုသနေရသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို နေ့စဥ်ပြုလုပ်နေသည်။

စစ်အာဏာရှင်အမြန်ပြုတ်ကျရေး နိုင်ငံတဝှမ်း လူထုသပိတ်များ အရှိန်မြှင့်ကြရန်လည်း ဖားကန့်လူထုသပိတ်က တောင်းဆို တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook