Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်ဘုရားကျောင်းရှေ့၌ စစ်တပ်မြှုပ်ထားခဲ့သည့် မိုင်းကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးခြေတစ်ဖက်ဆုံးရှုံး

ရွာသားများသည် ပစ်ခတ်သံများ၊ လက်နက်ကြီးကျည်ပစ်သံများကို နေ့စဉ်ကြားခဲ့ရပြီး ၎င်းတို့၏ နေအိမ်များ မီးတင်ရှို့ခံရသည်ကို အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရကြောင်း Free Burma Rangers အဖွဲ့ ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်း​ကြောင့် ဒဏ်ရာရခဲ့​သောစစ်သားကို ​အ​ရေး​ပေါ်ပြုစုကုသ​ပေး​နေစဥ်။ ဓါတ်ပုံ-Free Burma Rangers)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်း​ကြောင့် ဒဏ်ရာရခဲ့​သောစစ်သားကို ​အ​ရေး​ပေါ်ပြုစုကုသ​ပေး​နေစဥ်။ ဓါတ်ပုံ-Free Burma Rangers)

မီးရှို့ခံရသော ကရင်နီပြည်ဘုရားကျောင်းရှေ့၌ စစ်တပ်မြှုပ်ထားခဲ့သည့် မိုင်းကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးခြေတစ်ဖက်ဆုံးရှုံးခဲ့ကြောင်း Free Burma Rangers က ယနေ့ထုတ်ပြန်သည်။

တချိန်က အေးချမ်းခဲ့သော ကရင်နီပြည်ဒေါ်ညဲကုကျေးရွာလေးကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးခဲ့ပြီး တပ်မ ၆၆ မှ စစ်သားများက ယင်းကျေးရွာကို တပတ်လုံးတိုက်ခိုက်နေခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်း​ကြောင့် ဒဏ်ရာရခဲ့​သောစစ်သားကို ​အ​ရေး​ပေါ်ပြုစုကုသ​ပေး​နေစဥ်။ ဓါတ်ပုံ-Free Burma Rangers)
(စစ်​ကောင်စီတပ်​ထောင်ခဲ့​သောမိုင်း​ကြောင့် ဒဏ်ရာရခဲ့​သောစစ်သားကို ​အ​ရေး​ပေါ်ပြုစုကုသ​ပေး​နေစဥ်။ ဓါတ်ပုံ-Free Burma Rangers)

ယင်းသို့ အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ကျေးရွာသားများသည် ရွာနောက်ရှိ တောင်တန်းများအကြား ရက်ပေါင်းများစွာကြာပုန်းခိုနေခဲ့ရပြီး ၎င်းတို့၏ ကျေးရွာလေးကို မီးတင်မရှို့ရန် နေ့စဉ်ဆုတောင်းနေခဲ့ရသည်။

Public Service Announcement
Public Service Announcement

သို့သော် ရွာသားများသည် ပစ်ခတ်သံများ၊ လက်နက်ကြီးကျည်ပစ်သံများကို နေ့စဉ်ကြားခဲ့ရပြီး ၎င်းတို့၏ နေအိမ်များ မီးတင်ရှို့ခံရသည်ကို အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရကြောင်း Free Burma Rangers အဖွဲ့ ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒေါ်ညဲကုကျေးရွာသားများ၏ နေအိမ်အားလုံး မီးမလောင်ကျွမ်းမီ ဒေသခံကရင်နီတပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်တပ်ကို ပြန်လည်ခုခံတိုက်ထုတ်ရန်ကြိုးစားခဲ့ပြီး ၁၆ နှစ်အရွယ် ကရင်နီ တပ်ဖွဲ့ဝင်တစ်ဦးသည် မီးရှို့ခံထားရသည့် ဘုရားကျောင်းရှေ့တွင် မိုင်းမိကာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့သည်။

လှပသော ဘုရားကျောင်းခေါင်းမိုးသည် ပြိုကျခဲ့ပြီး မီးတောက်များကြောင့် ဘုရားကျောင်း၏ တံခါးများနှင့်ကျန်အစိတ်အပိုင်းများလည်း ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။