Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်အရှေ့ပိုင်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား PDF ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ချိန် ၅ မိနစ်နီးပါးသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း၊ ရဲဘော် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း PDFက ဆိုသည်။

စစ်သင်တန်းတက်ရောက်နေသော ရေစကြို PDF အဖွဲ့ဝင်များ၊ ဓာတ်ပုံ - Yesagyo PDF
စစ်သင်တန်းတက်ရောက်နေသော ရေစကြို PDF အဖွဲ့ဝင်များ၊ ဓာတ်ပုံ - Yesagyo PDF

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အရှေ့ပိုင်းတွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ရေစကြို PDF အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၁၉ ရက်) နံနက် ၆နာရီခွဲဝန်းကျင်တွင် ရေစကြိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဘိစပ်ကုန်းကျေးရွာအနီးအရောက်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ချိန် ၅ မိနစ်နီးပါးသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း၊ ရဲဘော် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း PDFက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ရေစကြို PDF နှင့် မဟာမိတ် K.N.T ပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရေစကြို PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ့နံနက်ပိုင်းက တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးကွဲရွာမှ ထွက်ခွာသွားသော အုပ်စုဖြစ်ပြီး တိုက်ခိုက်ခြင်းမခံရမီ လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကား ပစ်ဖောက် ခြောက်လှန့်သွားကြောင်း၊ ကိုင်းရွာကို ဝင်ရောက်ခြင်းမရှိဘဲ ဘီးစပ်ကုန်းကျေးရွာသို့ သွားရောက်ချိန် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ရေစကြိုဒေသခံများက ပြောသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်အား ဇွန်လ၁၇ရက်နှင့် ၁၈ ရက်များကလည်း သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ရေစကြို PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook