Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဥ် ချန်ထားခဲ့သော ဗုံးသီး ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ်ကလေးငယ်နှစ်ဦးသေဆုံး

ယမန်နေ့(ဇွန် ၁၉)ညနေ ၅နာရီခန့်က ကန်ရွာအနောက်ဘက် ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့သော (၄၀)မမ ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံမောင်(၇ နှစ်) နှင့် မောင်မင်းထွဋ်ဇော်(၇ နှစ်)တို့ သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ဂန့်ဂေါမြို့နယ်
ဂန့်ဂေါမြို့နယ်

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ကျေးရွာများသို့ စစ်ကြောင်းထိုးစဥ် ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည့် ဗုံးသီး ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း PDF ဂန့်​ဂေါက ယနေ့(ဇွန် ၂၀)ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၉)ညနေ ၅နာရီခန့်က ကန်ရွာအနောက်ဘက် ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့သော (၄၀)မမ ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံမောင်(၇ နှစ်) နှင့် မောင်မင်းထွဋ်ဇော်(၇ နှစ်)တို့ သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်လျောက် တောတိုက်များအတွင်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်ဖြစ်စေ၊ ကျန်ရစ်ခဲ့သည်ဖြစ်စေ ယင်းတို့ပစ်ခတ်စဉ် မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သော ဗုံးသီးများနှင့် အန္တရာယ်ရှိသည့်ပစ္စည်းများအားတွေ့ရှိပါက ကိုင်တွယ်ခြင်းများမပြုလုပ်ကြရန် သတိပေးသည်။

ယင်းအပြင် ကလေးမိဘများအနေဖြင့် မိမိတို့၏ကလေးများအား ကိုင်တွယ်ကစားခြင်းများမပြုကြရန် အထူးမှာကြားထားရန်လိုအပ်ပြီး မြို့နယ်အတွင်းရှိ ကာကွယ် ရေးအဖွဲ့များသို့ချက်ချင်း အသိပေးအကြောင်းကြားပေးကြရန် သတိပေး ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook