Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဥ် ချန်ထားခဲ့သော ဗုံးသီး ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ်ကလေးငယ်နှစ်ဦးသေဆုံး

ယမန်နေ့(ဇွန် ၁၉)ညနေ ၅နာရီခန့်က ကန်ရွာအနောက်ဘက် ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့သော (၄၀)မမ ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံမောင်(၇ နှစ်) နှင့် မောင်မင်းထွဋ်ဇော်(၇ နှစ်)တို့ သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ဂန့်ဂေါမြို့နယ်
ဂန့်ဂေါမြို့နယ်

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ကျေးရွာများသို့ စစ်ကြောင်းထိုးစဥ် ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည့် ဗုံးသီး ပေါက်ကွဲပြီး ခုနစ်နှစ်အရွယ်ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း PDF ဂန့်​ဂေါက ယနေ့(ဇွန် ၂၀)ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၉)ညနေ ၅နာရီခန့်က ကန်ရွာအနောက်ဘက် ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့သော (၄၀)မမ ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ပြည့်စုံမောင်(၇ နှစ်) နှင့် မောင်မင်းထွဋ်ဇော်(၇ နှစ်)တို့ သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်လျောက် တောတိုက်များအတွင်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်ဖြစ်စေ၊ ကျန်ရစ်ခဲ့သည်ဖြစ်စေ ယင်းတို့ပစ်ခတ်စဉ် မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သော ဗုံးသီးများနှင့် အန္တရာယ်ရှိသည့်ပစ္စည်းများအားတွေ့ရှိပါက ကိုင်တွယ်ခြင်းများမပြုလုပ်ကြရန် သတိပေးသည်။

ယင်းအပြင် ကလေးမိဘများအနေဖြင့် မိမိတို့၏ကလေးများအား ကိုင်တွယ်ကစားခြင်းများမပြုကြရန် အထူးမှာကြားထားရန်လိုအပ်ပြီး မြို့နယ်အတွင်းရှိ ကာကွယ် ရေးအဖွဲ့များသို့ချက်ချင်း အသိပေးအကြောင်းကြားပေးကြရန် သတိပေး ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ရက်သတ္တပတ်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။