Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ဆောမြို့နယ် အကြည်ရွာရှိ သောက်ရေတွင်းများအတွင်းလက်နက်ကြီးကျည်များ ပစ်ချထားခဲ့

ကျေးရွာရှိ သောက်သုံးရေတွင်းထဲသို့ လက်နက်ကြီးကျည်များထည့်သွင်းခဲ့သည့် စစ်ကောင်စီတပ်သည် မေလ၂၂ရက်က စခဲ့သည့် ကျောက်ထု-ပခုက္ကူမြို့ စစ်ကောင်စီကားတန်းအပြန် လုံခြုံရေးကင်းယူခဲ့သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

(စစ်ကောင်စီတပ်က သောက်သုံးရေကန်များအတွင်းပစ်ချခဲ့သော လက်နက်ကြီးကျည်များဖြစ်သည်။ ဓာတ်ပုံ- ကိုဘကောင်း)
(စစ်ကောင်စီတပ်က သောက်သုံးရေကန်များအတွင်းပစ်ချခဲ့သော လက်နက်ကြီးကျည်များဖြစ်သည်။ ဓာတ်ပုံ- ကိုဘကောင်း)

အကြမ်းဖက်စစ်ကောင်စီသည် ဒေသခံပြည်သူများအသုံးပြုနေသော သောက်သုံးရေတွင်းများအတွင်း အသုံးမပြုရသေးသော လက်နက်ကြီးကျည်များ ပစ်ချထားမှုများပြုလုပ်ခဲ့ကြောင်း ဆောဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဆောမြို့နယ် အကြည်ကျေးရွာမှ ဒေသခံပြည်သူများသည် ရေတွင်းများမှ ရေကိုသောက်သုံးကြရာ ဗိုက်နာခြင်း၊ဝမ်းပျက်၊ဝမ်းရှောခြင်းများဖြစ်ပေါ်လာပြီး ရေမသန့်ခြင်းကြောင့်ဟုယူဆ၍ ယမန်နေ့(ဇွန် ၂၁ရက်)တွင် ရေတွေအားပက်၍တွင်းသန့်ရှင်းရေးလုပ်ရာ လက်နက်ကြီးကျည်များတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်က သောက်သုံးရေကန်များအတွင်းပစ်ချခဲ့သော လက်နက်ကြီးကျည်များဖြစ်သည်။ ဓာတ်ပုံ- ကိုဘကောင်း)
(စစ်ကောင်စီတပ်က သောက်သုံးရေကန်များအတွင်းပစ်ချခဲ့သော လက်နက်ကြီးကျည်များဖြစ်သည်။ ဓာတ်ပုံ- ကိုဘကောင်း)

“ဒါက ပြည်သူလူထုကို ဒုက္ခပေးတဲ့ စခ တွေရဲ့ ထူးခြားတဲ့ နောက်နည်းလမ်းတစ်ခုပါ။ဒါကြောင့်
ကိုယ့်ဒေသကို ပြန်ဝင်ရောက်တဲ့အခါ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေ ရှင်းလင်းရေးတွေကို ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”ဟု ဆောဒေသ စစ်ရေးစောင့်ကြည့်သူက People’s Springသို့ ပြောသည်။

ကျေးရွာရှိ သောက်သုံးရေတွင်းထဲသို့ လက်နက်ကြီးကျည်များထည့်သွင်းခဲ့သည့် စစ်ကောင်စီတပ်သည် မေလ၂၂ရက်က စခဲ့သည့် ကျောက်ထု-ပခုက္ကူမြို့ စစ်ကောင်စီကားတန်းအပြန် လုံခြုံရေးကင်းယူခဲ့သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မေလ နောက်ဆုံးပတ်ကစ၍ မကွေးတိုင်း၊ ယောဒေသ(ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနှင့်ကျောက်ထု) မြို့နယ်တို့တွင် အကြမ်းစစ်ကောင်စီတပ်က အင်အားအများအပြား တိုးချဲ့ခဲ့သည်။

လက်ရှိ ရက်သတ္တပတ်အတွင်း ဂန့်ဂေါ နှင့် ထီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ် ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်လျှက်ရှိကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook