Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်ရဲစခန်းနှင့် မြို့နယ်​ထွေအုပ်ရုံးကို လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု မဟာမိတ် PDFတပ်ပေါင်းစုထုတ်ပြန်

ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအား ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေပြီး ဒေသခံရာချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

ဘုတလင်မြို့နယ်
ဘုတလင်မြို့နယ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် BDSTF အဖွဲ့က ဘုတလင်မြို့ရဲစခန်းနှင့် မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးမှူးရုံးအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၉ရက် ည ၉နာရီဝန်းကျင်က Balck Dragon Special Task Forceအဖွဲ့သည် ကနောင် People Defence Force နှင့် ပူးပေါင်း၍ ဘုတလင်မြို့ ရဲစခန်း နှင့် ထွေအုပ်ရုံးတို့အား (၉၀)မမဖြင့် (၂)လုံး၊ (၆၀) မမဖြင့် (၄)လုံး၊ (၇)မမ လောင်ချာ ခုနစ်လုံးဖြင့် (၃)ဖွဲ့ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အသေအပျောက်ရှိနိုင်​ပြီး အထိအခိုက်အများအပြားရှိကြောင်း အနီးအနားရှိဒေသခံများထံမှ ကြားသိရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

BDSTFအဖွဲ့သည် ဇွန်လ ၁၈ ရက် ည ၇မာရီခွဲဝန်းကျင်ကလည်း မုံရွာမြို့ ပညာရေးကောလိပ်ကျောင်းပေါက်တွင် ဘီယာသောက်ရင်း ဖုန်းကြည့်နေသော ကင်းစောင့်ရဲတစ်ဦးအား လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ထိမှန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“နောက်ဆက်တွဲရလဒ်အခြေအနေအသေးစိတ်ကို မသိရှိရသေးပါဘူးဗျ။”ဟု အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ တာဝန်ရှိသူက ပြောသည်။

ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအား ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေပြီး ဒေသခံရာချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။