Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအမြောက်တပ်မှ တပ်သားတစ်ဦးလက်နက်နှင့် CDM ပြုလုပ်လာဟု သထုံ(ပကဖ)အသိပေး

စစ်ကောင်စီတပ်သားနှင့်အတူ MA1သေနတ် တစ်လက် ကျည်ဘောက် ၂ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ပါရှိ၍ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးထံ အပ်နှံပေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီအမြောက်တပ်မှ တပ်သားတစ်ဦးလက်နက်နှင့် CDM ပြုလုပ်လာဟု သထုံ(ပကဖ)အသိပေး
စစ်ကောင်စီအမြောက်တပ်မှ တပ်သားတစ်ဦးလက်နက်နှင့် CDM ပြုလုပ်လာဟု သထုံ(ပကဖ)အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်၏ အမှတ်(၄၀၂) အမြောက်တပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်လာကြောင်းသထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သထုံမြို့ ကြာပန်း-ဝီယော် ခရိုင်ချင်းဆက်လမ်းရှိ (၄၀၂) အမြောက်တပ်ရင်းမှ တပ်သားမောင်ထွန်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားနှိပ်စက်အနိုင်ကျင့်နေမှုအား မနှစ်မြို့၍ အကြမ်းဖက်စစ်တပ်အားစွန့်ခွာပြီး ဇွန်လ ၂၀ရက်တွင် သထုံ(ပကဖ) ထံ အလင်းဝင်လာသည်ဟု ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှင့်အတူ MA1သေနတ် တစ်လက် ကျည်ဘောက် ၂ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ပါရှိ၍ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးထံ အပ်နှံပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ လက်နက်နှင့် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ရသင့်ရထိုက်သည့် အခွင့်အရေးများအား တပ်ရင်းမှူး၊ တပ်မဟာမှူးတို့က စီစဉ်ပေးလျက်ရှိကြောင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်သားသည် သထုံမြို့တွင် လက်နက်နှင့် CDM ပြုလုပ်သည့် ပထမဆုံးစစ်ကောင်စီတပ်သား ဖြစ်ကြောင်း၊ ၎င်းကိုပြည်ပရောက် ပြည်သူများက ချက်ချင်းပင် ဘတ် ၅၀,၀၀၀ ထောက်ပံ့ပေးလာကြောင်း သထုံ(ပကဖ)က ထုတ်ပြန်သည်။

ရှေ့ဆက်ပြီး CDMပြုလုပ်လိုသော စစ်သားနှင့်ရဲများအနေဖြင့် သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ Facebook page သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook