Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအမြောက်တပ်မှ တပ်သားတစ်ဦးလက်နက်နှင့် CDM ပြုလုပ်လာဟု သထုံ(ပကဖ)အသိပေး

စစ်ကောင်စီတပ်သားနှင့်အတူ MA1သေနတ် တစ်လက် ကျည်ဘောက် ၂ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ပါရှိ၍ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးထံ အပ်နှံပေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီအမြောက်တပ်မှ တပ်သားတစ်ဦးလက်နက်နှင့် CDM ပြုလုပ်လာဟု သထုံ(ပကဖ)အသိပေး
စစ်ကောင်စီအမြောက်တပ်မှ တပ်သားတစ်ဦးလက်နက်နှင့် CDM ပြုလုပ်လာဟု သထုံ(ပကဖ)အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်၏ အမှတ်(၄၀၂) အမြောက်တပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်လာကြောင်းသထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သထုံမြို့ ကြာပန်း-ဝီယော် ခရိုင်ချင်းဆက်လမ်းရှိ (၄၀၂) အမြောက်တပ်ရင်းမှ တပ်သားမောင်ထွန်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများအပေါ် မတရားနှိပ်စက်အနိုင်ကျင့်နေမှုအား မနှစ်မြို့၍ အကြမ်းဖက်စစ်တပ်အားစွန့်ခွာပြီး ဇွန်လ ၂၀ရက်တွင် သထုံ(ပကဖ) ထံ အလင်းဝင်လာသည်ဟု ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှင့်အတူ MA1သေနတ် တစ်လက် ကျည်ဘောက် ၂ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ပါရှိ၍ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးထံ အပ်နှံပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ လက်နက်နှင့် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား ရသင့်ရထိုက်သည့် အခွင့်အရေးများအား တပ်ရင်းမှူး၊ တပ်မဟာမှူးတို့က စီစဉ်ပေးလျက်ရှိကြောင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်သားသည် သထုံမြို့တွင် လက်နက်နှင့် CDM ပြုလုပ်သည့် ပထမဆုံးစစ်ကောင်စီတပ်သား ဖြစ်ကြောင်း၊ ၎င်းကိုပြည်ပရောက် ပြည်သူများက ချက်ချင်းပင် ဘတ် ၅၀,၀၀၀ ထောက်ပံ့ပေးလာကြောင်း သထုံ(ပကဖ)က ထုတ်ပြန်သည်။

ရှေ့ဆက်ပြီး CDMပြုလုပ်လိုသော စစ်သားနှင့်ရဲများအနေဖြင့် သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ Facebook page သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။