Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ထုံးဘိုလေးရွာကို မီးရှို့မှု မကာကွယ်နိုင်ခဲ့ခြင်းမှာ လက်နက်ခဲယမ်းမလုံလောက်၍ဟု သထုံ PDF အသိပေး

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - သထုံ PDF
ဓာတ်ပုံ - သထုံ PDF

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်ပါးစေ နယ်ခြားစောင့်တပ်(BGF) တို့က မီးရှို့ဖျက်ဆီးခဲ့မှုမြင်ကွင်းများကို သထုံပြည်သူ့ကာ ကွယ်ရေးတပ်(TPDF)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် BGF တပ်တို့သည် ဇွန်လ ၂၅ရက်က ထုံးဘိုလေးကျေးရွာသို့ ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးခဲ့သည်ဟု ဆိုသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်များကို အကောင်းဆုံးရင်ဆိုင်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းလုံလောက်မှုမရှိသည့်အခက်အခဲများကြောင့် စစ်ကောင်စီ၏စစ်ကြောင်းတစ်ကြောင်း တိုးဝင်လာနိုင်ခဲ့ပြီး ကျေးရွာအတွင်းဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သထုံ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - သထုံ PDF
ဓာတ်ပုံ – သထုံ PDF

အဆိုပါဒေသရှိ စစ်ကောင်စီတပ်များသည် ယခင်ကလည်း ထုံးဘိုလေးရွာအပါအဝင် ဒေသတွင်းရှိကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်