Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမောက်တောင်ပိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ

ဗန်းမောက်၊ အင်းတော်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဗန်းမောက် PDF၊ အင်းတော် PDFနှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့
ဗန်းမောက်မြို့

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်များကို ဒေသခံကာကွယ် ယရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဇွန်လ ၂၆ရက်တွင် ဗန်းမောက်တောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးသွားသည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုအပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ် ခတ်၍ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဖော်ပြသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ခြေရှိ၍ ပြည်သူများအနေ ဖြင့် ဆုတောင်းပေးရန်၊ အားပေးကူညီပေးကြရန် မေတ္တာ ရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်၊ အင်းတော်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဗန်းမောက် PDF၊ အင်းတော် PDFနှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။