Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တောင်ပိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုရှိ

ဗန်းမောက်၊ အင်းတော်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဗန်းမောက် PDF၊ အင်းတော် PDFနှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့
ဗန်းမောက်မြို့

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်များကို ဒေသခံကာကွယ် ယရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဇွန်လ ၂၆ရက်တွင် ဗန်းမောက်တောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးသွားသည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုအပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ် ခတ်၍ တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဖော်ပြသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ခြေရှိ၍ ပြည်သူများအနေ ဖြင့် ဆုတောင်းပေးရန်၊ အားပေးကူညီပေးကြရန် မေတ္တာ ရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်၊ အင်းတော်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဗန်းမောက် PDF၊ အင်းတော် PDFနှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook