Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်အပါအဝင် ချင်းတွင်းမြစ်ဝှမ်းဒေသကို လာမည့်ဇူလိုင်လဆန်းမှစ၍ စစ်ကောင်စီ စစ်ကြောင်းထိုးလာနိုင်ဟု PDFသတိပေး

လတ်တလောတွင် ​ဖောင်းပြင်ဒေသ၌ အင်အားတိုးချဲ့နေသည့် စစ်ကောင်စီကို တိုက်ခိုက်လိုသော်လည်း လူအင်အားသာလုံလောက်ပြီး လက်နက်အင်အားနည်းနေ၍ အခက်အခဲကြုံနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ဖောင်းပြင်
ဖောင်းပြင်

ဖောင်းပြင်ဒေသအပါအဝင် ချင်းတွင်းမြစ်ဝှမ်းဒေသကို လာမည့်ဇူလိုင်လဆန်းမှစ၍ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမည်ဟု သတင်းထွက်ပေါ်နေပြီး မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

“ဇွန်လကုန်ပြီးတာနဲ့ ဖုန်းလိုင်းတွေ ဖြတ်ပြီး စစ်ဆင်ရေးလုပ်မယ်ကြားတယ်။ စစ်ကောင်စီက အင်အားတွေလည်း တိုးနေတာဟာ ဖောင်းပြင်ကို ဖိနှိပ်ဖို့ထက် ချင်းတွင်းမြစ်ဝှမ်းဒေသကို စစ်ကြောင်းထိုးလာဖို့ ဖြစ်လာနိုင်တယ်”ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဖောင်းပြင်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ကျွန်းလှနှင့် ကသာ၊ကောလင်းနှင့် ကန့်ဘလူမြို့နယ်များကို ယခုထက်ပို၍ စစ်ကြောင်းထိုးလာနိုင်ကြောင်း ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက သုံးသပ်ထားသည်။ ထို့ကြောင့် ​ဒေသခံပြည်သူများ စစ်ရေးသတိရှိကြရန်လည်း သတိပေးသည်။

Public Service Announcement
Public Service Announcement

လတ်တလောတွင် ​ဖောင်းပြင်ဒေသ၌ အင်အားတိုးချဲ့နေသည့် စစ်ကောင်စီကို တိုက်ခိုက်လိုသော်လည်း လူအင်အားသာလုံလောက်ပြီး လက်နက်အင်အားနည်းနေ၍ အခက်အခဲကြုံနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းကို အလောင်းဘုရား၊ အနော်ရထာ စသည့် စစ်ဆင်ရေးအမည်အမျိုးမျိုးဖြင့် စစ်ကြောင်းထိုးခဲ့သော်လည်း အနိုင်မရခဲ့ဘဲ ယခုအခါ စစ်ကိုင်းတိုင်းသည် ပြည်သူလူထုခုခံစစ်အားအကောင်းဆုံးဒေသတစ်ခု ဖြစ်နေပြီဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း အဓိကလမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး မကြာမီ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်