Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖောင်းပြင်အပါအဝင် ချင်းတွင်းမြစ်ဝှမ်းဒေသကို လာမည့်ဇူလိုင်လဆန်းမှစ၍ စစ်ကောင်စီ စစ်ကြောင်းထိုးလာနိုင်ဟု PDFသတိပေး

လတ်တလောတွင် ​ဖောင်းပြင်ဒေသ၌ အင်အားတိုးချဲ့နေသည့် စစ်ကောင်စီကို တိုက်ခိုက်လိုသော်လည်း လူအင်အားသာလုံလောက်ပြီး လက်နက်အင်အားနည်းနေ၍ အခက်အခဲကြုံနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ဖောင်းပြင်
ဖောင်းပြင်

ဖောင်းပြင်ဒေသအပါအဝင် ချင်းတွင်းမြစ်ဝှမ်းဒေသကို လာမည့်ဇူလိုင်လဆန်းမှစ၍ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမည်ဟု သတင်းထွက်ပေါ်နေပြီး မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

“ဇွန်လကုန်ပြီးတာနဲ့ ဖုန်းလိုင်းတွေ ဖြတ်ပြီး စစ်ဆင်ရေးလုပ်မယ်ကြားတယ်။ စစ်ကောင်စီက အင်အားတွေလည်း တိုးနေတာဟာ ဖောင်းပြင်ကို ဖိနှိပ်ဖို့ထက် ချင်းတွင်းမြစ်ဝှမ်းဒေသကို စစ်ကြောင်းထိုးလာဖို့ ဖြစ်လာနိုင်တယ်”ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဖောင်းပြင်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ကျွန်းလှနှင့် ကသာ၊ကောလင်းနှင့် ကန့်ဘလူမြို့နယ်များကို ယခုထက်ပို၍ စစ်ကြောင်းထိုးလာနိုင်ကြောင်း ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက သုံးသပ်ထားသည်။ ထို့ကြောင့် ​ဒေသခံပြည်သူများ စစ်ရေးသတိရှိကြရန်လည်း သတိပေးသည်။

Public Service Announcement
Public Service Announcement

လတ်တလောတွင် ​ဖောင်းပြင်ဒေသ၌ အင်အားတိုးချဲ့နေသည့် စစ်ကောင်စီကို တိုက်ခိုက်လိုသော်လည်း လူအင်အားသာလုံလောက်ပြီး လက်နက်အင်အားနည်းနေ၍ အခက်အခဲကြုံနေသည်ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းကို အလောင်းဘုရား၊ အနော်ရထာ စသည့် စစ်ဆင်ရေးအမည်အမျိုးမျိုးဖြင့် စစ်ကြောင်းထိုးခဲ့သော်လည်း အနိုင်မရခဲ့ဘဲ ယခုအခါ စစ်ကိုင်းတိုင်းသည် ပြည်သူလူထုခုခံစစ်အားအကောင်းဆုံးဒေသတစ်ခု ဖြစ်နေပြီဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း အဓိကလမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး မကြာမီ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။