Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် ဇလပ်ကုန်းရွာအုပ်ချုပ်ရေးမှူး၊ ၎င်း၏ဇနီးနှင့် ပျူတစ်ဦးအား ​ဒေသကာကွယ်​ရေးတပ်များ ရှင်းလင်း

အဆိုပါရှင်းလင်းမှူအား 27 Revolution Force၊ Myaung Fighter၊ MDY PDF၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

မြင်းခြံမြို့နယ်
မြင်းခြံမြို့နယ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဇလပ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ၎င်း၏ဇနီးနှင့် ပျူစောထီးတစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း 27 Revolution Forceအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ ရက်က မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ထို့အပြင် ဇလပ်ကုန်းကျေးရွာ ​ဒေသခံပြည်သူများအား အမြဲဒုက္ခပေးလျက်ရှိသော ၎င်းကျေးရွာနေ ပျူစောထီးတစ်ယောက်ကိုပါ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်နောင်တွင်လည်း မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများအား ထိရောက်စွာဆုံးမသွားမည်ဟု ထပ်မံသတိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါရှင်းလင်းမှူအား 27 Revolution Force၊ Myaung Fighter၊ MDY PDF၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြင်းခြံမြို့နယ်သည် နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့် အစောဆုံးခုခံတော်လှန်တိုက်ခိုက်ခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်အကြမ်းဖက်မှုများ ခံ​နေရဆဲဖြစ်သည်။ယင်း​ဒေသတွင် ယနေ့အချိန်အထိ မိုဘိုင်းအင်တာနက်များလည်း ဖြတ်တောက်ခံထားရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။