Connect with us

Hi, what are you looking for?

သတင်း

ယုဇနဥယျာဥ်မြို့တော်၌ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးကို သူခိုးဟုစွပ်စွဲကာ ဝိုင်းဝန်းဖမ်းဆီးရာတွင် ဦးဆောင်သူ လေးဦးကို ရှင်းလင်းမည်ဟု UGအဖွဲ့ သတိပေး

အဆိုပါ UGအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ဖမ်းဆီးရန် စတင်ဆော်သြခဲ့သူမှာ ရာအိမ်မှူးလုပ်သည့် ဗလကြီး(ခ) အောင်ကျော်မင်းဖြစ်ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ရုပ်ပုံ - OCTOPUS
ရုပ်ပုံ - OCTOPUS

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဥ်မြို့တော်၌ ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးကို သူခိုးဟု စွပ်စွဲကာ ဝိုင်းဝန်းဖမ်းဆီးရာတွင် ဦးဆောင်သူ လေးဦးကို ရှင်းလင်းသွားမည်ဟု Special Ninja Forceက ပြောကြားသည်။

အဆိုပါဦးဆောင်သူလေးဦးမှာ ယုဇနဥယျာဉ်မြို့တော် (၁၀)လမ်း (အေ)၏ ရာအိမ်မှူး ဗလကြီး(ခ)အောင်ကျော်မင်း၊ (၁၂) လမ်း(အေ)ရှိ ရွှေပိုးကုန်စုံဆိုင်ပိုင်ရှင်၊ ရိုက်နှက်ရာတွင်ပါဝင်သည့် ဘီးကျဲ ဆိုသူနှင့် (၈) လမ်း(ဘီ)အရက်ဆိုင်မှ အောင်လေးဆိုသူတို့ဖြစ်သည်ဟု Special Ninja Forceက ထုတ်ပြန်အသိပေးထားသည်။

“အကြွေးဆိုတာယူပြီးရင်ဆပ်ရတယ်။UG ရဲဘော်အတွက် ယုဇနမှာ အကြွေးလာယူမယ်”ဟု Special Ninja Forceက သတိပေးသည်။

အဆိုပါ UGအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ဖမ်းဆီးရန် စတင်ဆော်သြခဲ့သူမှာ ရာအိမ်မှူးလုပ်သည့် ဗလကြီး(ခ) အောင်ကျော်မင်းဖြစ်ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေက မဟုတ်တရုတ်တွေအော်လို့၊ အိမ်ဖောက်သူလိုလို၊သူခိုးလိုလို၊ ရိုက်ပြေးသူ လိုလို အော်လို့ ရဲဘော်လေးကို ဝိုင်းဖမ်းကြ ရိုက်ကြတယ် မိသွားတယ်ပေါ့”ဟု Special Ninja Forceက ပြောသည်။

ထိုသို့ ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်ခံရစဥ် UG အဖွဲ့ဝင်ရဲဘော်မှာ “ကျွန်တော်ကိုသာ သတ်လိုက်ကြပါတော့”ဟု ပြောဆိုခဲ့သည်ဆိုကာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

” မြေပြင်က ရဲဘော်တွေက ရပ်ကွက်ပြည်သူတွေ ကိုယ့်ကြောင့်ဒုက္ခရောက်မှာစိုးလို့ နောက်ပိုင်းမှာ ဆန္ဒပြလို့ လိုက်အဖမ်းခံရရင်ကို အိမ်တွေပေါ်တက်ပြီး မပုန်းခိုတော့ပါဘူး။ ပြည်သူတွေအပေါ် သိတက်တဲ့သူတွေပါ။ သူတို့က ပြည်သူတွေကိုပဲ အားကိုးနေတာပါ။ ကျွန်တော်တို့ ဒီရဲဘော်ဖြစ်စဥ်ကို အတော်စိတ်မကောင်းဘူး။”ဟု ရန်ကုန်အခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှာ ဇွန်လ ၂၆ ရက် ည ၇ နာရီခန့်က ယုဇနဥယျာဥ်မြို့တော် (၁၀)လမ် း(အေ)ရှိ တိုက်အမှတ်(၁၆)တွင် လက်လုပ်မိုင်းများ ရွှေ့ပြောင်းရာမှ တိုက်ခန်းအတွင်း၌ပင် ပေါက်ကွဲသွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။