Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ မတရားသည့် အမိန့်ကို ရဲဝံ့စွာဖီဆန်ကြရန် တပ်မတော်သားများအား KNDOတပ်ရင်း(၄) တိုက်တွန်း

လက်နက်နှင့်အတူ ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းပါက အနိမ့်ဆုံး သိန်း ၂၀မှ စ၍ လက်နက်အမျိုးအစား အလိုက် ထိုက်တန်သော ဆုကြေးငွေများ ထပ်လောင်းပေးအပ်သွားမည်ဖြစ်ကြောင်း KNDO တပ်ရင်း(၄)က ကြေညာသည်။

KNDOမှ ရဲ​ဘော်များအား ​တွေ့ရစဥ်
KNDOမှ ရဲ​ဘော်များအား ​တွေ့ရစဥ်

အာဏာသိမ်းစစ်ကောင်စီ၏ မတရားသည့် အမိန့်ကို ရဲဝံ့စွာ ဖီဆန်ကြပြီး ပြည်သူနှင့်အတူပူးပေါင်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ (၂)နယ်မြေ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း(၄)က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခု အခါ တပ်မတော်၏ အကြီးပိုင်းစစ်ခေါင်းဆောင် တချို့သည် မိမိကိုယ်ကျိုးစီးပွား သပ်သပ်အတွက် တပ်မတော်၏ ဂုဏ်သိက္ခာ နှင့် စစ်သည်တော် ကျင့်ဝတ် (၆၀)ကိုပင် တန်ဖိုးမထားတော့ဘဲ ရှေ့တန်းထွက် ရဲဘော်တို့၏ အသက်ကိုပင်ရင်း၍ သူတို့၏ အကျိုးစီးပွားကို ကာကွယ်ခိုင်းလျက်ရှိကြောင်း ဖော်ပြထားသည်။

KNDO
KNDO

ပြည်သူကို ညှင်းဆဲရန် အထက်မှ ပေးလာသော မတရားသော အမိန့်ကို ရဲရဲဝံ့ဝံ့ ဖီဆန်၍ ပြည်သူနှင့် ပူးပေါင်း လာ သော CDM တပ်မတော်သား အမြောက်အများလည်း ရှိနှင့်နေပြီးဖြစ်ကာ ယခုလည်း ပြည်သူ့ဘက်မှ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ပေးနိုင်မည့် ရဲဘော်များကို KNDO တပ်ရင်း(၄)မှ နွေးထွေးစွာကြိုဆိုကြောင်း ဖိတ်ခေါ်ခဲ့သည်။

“အခုက ဒီစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ ဘယ်လူမျိုးမဆို ဘယ်ဒေသမဆို အကုန်လုံးဖိနှိပ် ခံရတယ်လေ။ ဒီလို ဖြစ်နေတဲ့အခါမှာ တပ်မတော်သားတွေကလည်း ကိုယ့်ဘ၀ကို ပြန်လည်ပြီးတော့ လေ့လာပြီးတော့ ပြည်သူ လူထု တောင်းဆိုနေတဲ့ အချက် အဲဒီ အာဏာရှင်ကို ကျောခိုင်းပြီးတော့ ပြည်သူ့ဘက်ကို ရပ်တည်ဖို့ပေါ့” ဟု KNU တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဘက် ရပ်တည်လာမည့် ရဲဘော်များအား လုံခြုံစိတ်ချစွာ နေနိုင်အောင် စီစဉ်ပေးမည် ဖြစ်သည်ဟုလည်း KNDO တပ်ရင်း(၄)က အသိပေးထားသည်။

လက်နက်နှင့်အတူ ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းပါက အနိမ့်ဆုံး သိန်း ၂၀မှ စ၍ လက်နက်အမျိုးအစား အလိုက် ထိုက်တန်သော ဆုကြေးငွေများ ထပ်လောင်းပေးအပ်သွားမည်ဖြစ်ကြောင်း KNDO တပ်ရင်း(၄)က ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။