Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ မတရားသည့် အမိန့်ကို ရဲဝံ့စွာဖီဆန်ကြရန် တပ်မတော်သားများအား KNDOတပ်ရင်း(၄) တိုက်တွန်း

လက်နက်နှင့်အတူ ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းပါက အနိမ့်ဆုံး သိန်း ၂၀မှ စ၍ လက်နက်အမျိုးအစား အလိုက် ထိုက်တန်သော ဆုကြေးငွေများ ထပ်လောင်းပေးအပ်သွားမည်ဖြစ်ကြောင်း KNDO တပ်ရင်း(၄)က ကြေညာသည်။

KNDOမှ ရဲ​ဘော်များအား ​တွေ့ရစဥ်
KNDOမှ ရဲ​ဘော်များအား ​တွေ့ရစဥ်

အာဏာသိမ်းစစ်ကောင်စီ၏ မတရားသည့် အမိန့်ကို ရဲဝံ့စွာ ဖီဆန်ကြပြီး ပြည်သူနှင့်အတူပူးပေါင်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ (၂)နယ်မြေ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း(၄)က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခု အခါ တပ်မတော်၏ အကြီးပိုင်းစစ်ခေါင်းဆောင် တချို့သည် မိမိကိုယ်ကျိုးစီးပွား သပ်သပ်အတွက် တပ်မတော်၏ ဂုဏ်သိက္ခာ နှင့် စစ်သည်တော် ကျင့်ဝတ် (၆၀)ကိုပင် တန်ဖိုးမထားတော့ဘဲ ရှေ့တန်းထွက် ရဲဘော်တို့၏ အသက်ကိုပင်ရင်း၍ သူတို့၏ အကျိုးစီးပွားကို ကာကွယ်ခိုင်းလျက်ရှိကြောင်း ဖော်ပြထားသည်။

KNDO
KNDO

ပြည်သူကို ညှင်းဆဲရန် အထက်မှ ပေးလာသော မတရားသော အမိန့်ကို ရဲရဲဝံ့ဝံ့ ဖီဆန်၍ ပြည်သူနှင့် ပူးပေါင်း လာ သော CDM တပ်မတော်သား အမြောက်အများလည်း ရှိနှင့်နေပြီးဖြစ်ကာ ယခုလည်း ပြည်သူ့ဘက်မှ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ပေးနိုင်မည့် ရဲဘော်များကို KNDO တပ်ရင်း(၄)မှ နွေးထွေးစွာကြိုဆိုကြောင်း ဖိတ်ခေါ်ခဲ့သည်။

“အခုက ဒီစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ ဘယ်လူမျိုးမဆို ဘယ်ဒေသမဆို အကုန်လုံးဖိနှိပ် ခံရတယ်လေ။ ဒီလို ဖြစ်နေတဲ့အခါမှာ တပ်မတော်သားတွေကလည်း ကိုယ့်ဘ၀ကို ပြန်လည်ပြီးတော့ လေ့လာပြီးတော့ ပြည်သူ လူထု တောင်းဆိုနေတဲ့ အချက် အဲဒီ အာဏာရှင်ကို ကျောခိုင်းပြီးတော့ ပြည်သူ့ဘက်ကို ရပ်တည်ဖို့ပေါ့” ဟု KNU တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဘက် ရပ်တည်လာမည့် ရဲဘော်များအား လုံခြုံစိတ်ချစွာ နေနိုင်အောင် စီစဉ်ပေးမည် ဖြစ်သည်ဟုလည်း KNDO တပ်ရင်း(၄)က အသိပေးထားသည်။

လက်နက်နှင့်အတူ ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းပါက အနိမ့်ဆုံး သိန်း ၂၀မှ စ၍ လက်နက်အမျိုးအစား အလိုက် ထိုက်တန်သော ဆုကြေးငွေများ ထပ်လောင်းပေးအပ်သွားမည်ဖြစ်ကြောင်း KNDO တပ်ရင်း(၄)က ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။