Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအထူးကိုယ်စားလှယ် မနက်ဖြန်မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်မယ်

ဒီတခေါက်ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့မသေချာသေးပါဘူး။စစ်ကောင်စီဘက်က အမှုရင်ဆိုင်နေရသူနဲ့ ပေးတွေ့ဖို့ မရှိဘူးလို့ ထုတ်ပြောထားတာရှိပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်
အာဆီယံအထူးကိုယ်စားလှယ်

မြန်မာ့အရေးကြားဝင်ညှိနှိုင်းဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆွန်ခွန်ဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် မနက်ဖြန်မှာ မြန်မာနိုင်ငံကိုလာရောက်မယ်လိုသိရပါတယ်။

ခရီးစဉ်ဟာ ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ ကြာမြင့်မယ်လို့ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပထမအကြိမ်ခရီးစဉ်အတွင်းမှာလည်း တွေ့ဆုံသင့် တွေ့ဆုံထိုက်သူတွေနဲ့တွေ့ဆုံခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ်ဟာတောင်းဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရခဲ့သလိုစစ်ကောင်စီ စီစဉ်ပေးတဲ့သူတွေနဲ့သာ တွေ့ဆုံခဲ့ရပြီး ခရီးစဉ်အဆုံးသတ်ခဲ့ရတာပါ။

ဒီတခေါက်ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့မသေချာသေးပါဘူး။စစ်ကောင်စီဘက်က အမှုရင်ဆိုင်နေရသူနဲ့ ပေးတွေ့ဖို့ မရှိဘူးလို့ ထုတ်ပြောထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

Facebook