Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်

ယင်းတိုက်ခိုက်မှုကို PDF-SAW တပ်ရင်း(YRPA) ကျောက်ထုPDF(YRPA) ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့(SPGF)ညောင်ရမ်းPDF, The Youth Force (Saw&Kyaukhtu) ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆောနယ်
ဆောနယ်

မကွေးတိုင်း ဆောမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဇွန်လ ၂၇ရက်နှင့် ၂၈ရက်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း ဆောမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၇ရက်တွင် ပေါက်မြို့နယ်ဘက်မှ ဆောမြို့နယ် ကျောက်ထုဒေသ မန်းပုံတောင်သို့ စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၂၀ခန့် ကျူးကျော်ဝင်ရောက်လာရာ ဒေသခံ PDFများ ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင် စီဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဇွန်လ ၂၈ရက်တွင်လည်း ဆောမြို့နယ် ငှက်ကြီးဦးရွာမှကျောက်လိပ်ရွာသို့ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များကို ယောချောင်းဖြတ်ကူးနေစဉ် ကာကွယ်ရေးပူးပေါင်းတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ခိုက်မှုကို PDF-SAW တပ်ရင်း(YRPA) ကျောက်ထုPDF(YRPA) ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့(SPGF)ညောင်ရမ်းPDF, The Youth Force (Saw&Kyaukhtu) ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများ၏ ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြမထားသော် လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook