Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောနယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်

ယင်းတိုက်ခိုက်မှုကို PDF-SAW တပ်ရင်း(YRPA) ကျောက်ထုPDF(YRPA) ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့(SPGF)ညောင်ရမ်းPDF, The Youth Force (Saw&Kyaukhtu) ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဆောနယ်
ဆောနယ်

မကွေးတိုင်း ဆောမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ဇွန်လ ၂၇ရက်နှင့် ၂၈ရက်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း ဆောမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၇ရက်တွင် ပေါက်မြို့နယ်ဘက်မှ ဆောမြို့နယ် ကျောက်ထုဒေသ မန်းပုံတောင်သို့ စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၂၀ခန့် ကျူးကျော်ဝင်ရောက်လာရာ ဒေသခံ PDFများ ထောင်ထားသည့် မိုင်းမိပြီး စစ်ကောင် စီဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဇွန်လ ၂၈ရက်တွင်လည်း ဆောမြို့နယ် ငှက်ကြီးဦးရွာမှကျောက်လိပ်ရွာသို့ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များကို ယောချောင်းဖြတ်ကူးနေစဉ် ကာကွယ်ရေးပူးပေါင်းတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ခိုက်မှုကို PDF-SAW တပ်ရင်း(YRPA) ကျောက်ထုPDF(YRPA) ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့(SPGF)ညောင်ရမ်းPDF, The Youth Force (Saw&Kyaukhtu) ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများ၏ ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြမထားသော် လည်း ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။