Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့နိုင်ငံရေးသမား ဒေါ်ဝင်းမြမြကို ထောင် ၃ နှစ်ချ

စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်အကြိမ်ကြိမ်ထောင်ကျခဲ့ပေမယ့် အသိမိတ်ဆွေတွေက ဒေါ်ဝင်းမြမြဟာ စိတ်ဓာတ်ခိုင်မာပြီး ယုံကြည် ရပ်တည်ချက်ပြတ်သားသူဖြစ်တယ်လို့ အသိအမှတ်ပြုကြပါတယ်။

ဒေါ်ဝင်းမြမြကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရစဉ်(ပုံဟောင်း)
ဒေါ်ဝင်းမြမြကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရစဉ်(ပုံဟောင်း)

မန္တလေးမြို့ရဲ့ ထင်ရှားတဲ့နိုင်ငံရေးသမားဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကို စစ်ကောင်စီက မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု နဲ့မနေ့က ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဒေါ်ဝင်းမြမြဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ပြိုင်ရာ မဲအပြတ်အသတ်နဲ့ပြိုင်ဘက်တွေကိုအနိုင်ရခဲ့သူအမျိုးသမီးကြီးလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရက်သတ္တပတ် နှစ်ပတ်လောက်အကြာမှာ ဖမ်းဆီးခံရပြီး အိုးဘိုထောင်မှာ ချုပ်နှောင်ခံခဲ့ရတာပါ။ ဒေါ်ဝင်းမြမြကို ဆန္ဒပြပွဲတွေဖြစ်အောင်ဆူပူလှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲကာ တစ်နှစ်ကျော်အကြာမှာ ထောင်ချလိုက်တာဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြဟာ မန္တလေးသူဖြစ်ပြီး NLD ပါတီစတင်တည်ထောင်ချိန်ကတည်းကပါဝင်ခဲ့တဲ့ အမာခံပါတီဝင်တစ်ဦးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်အကြိမ်ကြိမ်ထောင်ကျခဲ့ပေမယ့် အသိမိတ်ဆွေတွေက ဒေါ်ဝင်းမြမြဟာ စိတ်ဓာတ်ခိုင်မာပြီး ယုံကြည် ရပ်တည်ချက်ပြတ်သားသူဖြစ်တယ်လို့ အသိအမှတ်ပြုကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယရဲ့ ဘောလိဝုဒ် ရုပ်ရှင်ကြယ်ပွင့် မင်းသား ဂျိုးဆက် ဗီဂျေးဟာ တမီလ်နာဒူ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာထူးကို တရားဝင် စတင် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို လုပ်ကြံခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။