Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းတွင်စစ်​ကောင်စီစစ်​ကြောင်း မိုင်းထိ၍ ၃ဦး​သေ

အကြမ်းဖက်စစ်တပ်ကသေဆုံးရုပ်အလောင်းများအားကျော်ရွာသုဿာန်တွင်မြေမြှုပ်ခဲ့သည်ဟုဆိုသည်။

(တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-TDPDF)
(တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-TDPDF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်မိုင်းထိပြီး ၃ ဦးသေဆုံးသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)ကသတင်းထုတ်ပြန်သည်။

ယနေ့(ဇွန်လ၃၀ရက်နေ့)တွင် မင်းကင်းမြို့နယ် ကျော်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါအကြမ်းဖက်စစ်တပ်သည် ပျားသုံးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာစဥ် တိုက်မိုင်းများဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်ကသေဆုံးရုပ်အလောင်းများအားကျော်ရွာသုဿာန်တွင်မြေမြှုပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မေလအတွင်းကလည်း စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊​ကျော်ရွာတွင်တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များကရက်(၂၀)ကြာစစ်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၀)ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ကနီနယ်ရှိ ကျောက်လုံးကြီး KLG PDF က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook