Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းလျော့နည်းလာတဲ့အတွက် လူထုရဲ့အကူအညီလိုအပ်လာပြီလို့ Venom စစ်ကြောင်းမှူးပြော

ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါလေဒေသက စစ်ကောင်စီရဲ့ စစ်ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထကို ဇွန်လ ၂၆ ရက်မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။

Venom Special Force
Venom Special Force

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ဖို့ စခန်းသိမ်းတိုက်ပွဲပါဝင်ဆင်နွှဲနေတဲ့ KNDO အထူးကွန်မန်ဒို တပ်ရင်း ရဲ့ အထူးစစ်ကြောင်း Venom ဟာ လက်နက်ခဲယမ်း လျော့နည်းလာတာကြောင့် လူုထုဆီကအကူအညီလိုအပ်လာပြီလို့အဲဒီစစ်ကြောင်း ရဲ့စစ်ကြောင်းမှူးစောဝင်းမြင့်က အသိပေးလိုက်ပါတယ်။

စစ်ဆင်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်နေပြီး Venom စစ်ကြောင်းဟာ ပြောက်ကျားစစ်ဆင်ရေး၊ ကြားဖြတ်စစ်ဆင်ရေး၊ စခန်းသိမ်းစစ်ဆင်ရေး၊ အချိန်ပိုင်းစစ်ဆင်ရေး၊ ပြင်းထန်တဲ့ထိပ်တိုက်စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်လေ့ရှိတယ်လို့စစ်ကြောင်းမှူးက ပြောပါတယ်။

Venom Special Force
Venom Special Force

ဥကရစ်ထတိုက်ပွဲမှာတော့ တိုက်ပွဲရက်ကြာလာတာနဲ့အမျှ လက်နက်ခဲယမ်း လျော့နည်းလာတယ်လို့ဆိုပါတယ်။

ဒါကြောင့် Venon စစ်ကြောင်းနဲ့ စိတ်ချင်းတူ၊ ရည်ရွယ်ချက်ချင်းတူ၊ လမ်းချင်းတူတဲ့ ပြည်သူလူထုဆီကနေ အခုချိန်မှာ အကူအညီတွေအရမ်းလိုအပ်နေတာဖြစ်တယ်လို့ စစ်ကြောင်းမှူး စောဝင်းမြင့်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ကို ကူညီတဲ့ပိုက်ဆံတွေက ကျနော်တို့ VENOM စစ်ကြောင်းအတွက် လက်နက်ခဲယမ်းတွေဖြစ်လာမယ် ကျည်ဆံတွေဖြစ်လာမယ်။၊ကျနော်တို့ လက်နက်ခဲယမ်း ဒီကျည်တွေနဲ့ပဲ ဒီအာဏာရှင်ကို အမြစ်ပြတ်ပြန်လည်ချေမှုန်းမယ်ပေ့ါနော်။ ကျနော်တို့ကို ကူညီချင်တယ်ဆိုရင်တော့ VENOM Page ကနေ တိုက်ရိုက်ဆက်သွယ်လို့ရတယ် ဆက်သွယ်လှူဒါန်းလို့ရတယ် “လို့ စစ်ကြောင်းမှူး စောဝင်းမြင့်ကပြောပါတယ်။

ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါလေဒေသက စစ်ကောင်စီရဲ့ စစ်ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထကို ဇွန်လ ၂၆ ရက်မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။

အဲဒီစခန်းဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိပြီး မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် လမ်းဆုံနေရာမှာ တည်ဆောက် ထားပြီး စစ်ကောင်စီအတွက်အရေးပါတဲ့ စခန်းလည်းဖြစ်ပါတယ်။

ဒါကြောင့် စခန်းမကျဖို့အတွက် စစ်ကောင်စီဟာ လက်နက်ကြီးပစ်ကူ ၊လေကြောင်းပစ်ကူတွေ ပေးခဲ့တာကိုတွေ့ရပါတယ်။

တိုက်ပွဲဟာ ပြင်းထန်တဲ့အတွက် ၂ ဖက်အကျအဆုံးရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။