Connect with us

Hi, what are you looking for?

သတင်း

တိုင်းနဲ့ပြည်နယ် ၇ ခုကို မိုးနဲ့ လေပြင်းသတိပေးချက်ထုတ်ပြန်ထား

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားတာဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် ၇ ခုကို မိုးနဲ့ လေပြင်းသတိပေးချက်ထုတ်ပြန်ထား
တိုင်းနဲ့ပြည်နယ် ၇ ခုကို မိုးနဲ့ လေပြင်းသတိပေးချက်ထုတ်ပြန်ထား

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးတာနဲ့​ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီကနေ့ ဇူလိုင် ၈ ရက် နေ့လည် ၁ နာရီခွဲအချိန်က တိုင်းထွာချက်အရ လာမယ့် ဇူလိုင် ၁၀ ရက်ကနေ ၁၄ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီတိုင်းနဲ့ မွန်၊ ရခိုင်၊ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာ၊ ဒေသအလိုက်မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်နိုင်တယ်လို့လို့ စစ်ကောင်စီရဲ့ မိုးဇလဦးစီးဌာနက ဒီကနေ့မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အဆိုပါကာလအတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီတိုင်းနဲ့ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တို့မှာ (၂၄)နာရီအတွင်း မိုးရေချိန် ၃ လက်မနဲ့အထက် ရွာသွန်းနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေးပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၂ ပေခန့်ရှိနိုင်တယ်လို့ မိုးဇလက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာ၀ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားတာဖြစ်ပါတယ်။

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွန်ရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်ထဲမှာလည်း လာမယ့် ဇူလိုင် ၁၀ ရက်နေ့ထဲမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေအားကောင်းနိုင်လို့ တနင်္သာရီ၊ ရန်ကုန်တိုင်းနဲ့ မွန်၊ ကရင်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးပြီး ရေကြီးရေလျှံ မြေပြိုမှုဘေးကို သတိပြုဖို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ လေပြင်းတိုက်ခတ်လို့ ရှေးဟောင်းစေတီတော်တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။

Facebook