Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုင်းနဲ့ပြည်နယ် ၇ ခုကို မိုးနဲ့ လေပြင်းသတိပေးချက်ထုတ်ပြန်ထား

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားတာဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် ၇ ခုကို မိုးနဲ့ လေပြင်းသတိပေးချက်ထုတ်ပြန်ထား
တိုင်းနဲ့ပြည်နယ် ၇ ခုကို မိုးနဲ့ လေပြင်းသတိပေးချက်ထုတ်ပြန်ထား

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးတာနဲ့​ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီကနေ့ ဇူလိုင် ၈ ရက် နေ့လည် ၁ နာရီခွဲအချိန်က တိုင်းထွာချက်အရ လာမယ့် ဇူလိုင် ၁၀ ရက်ကနေ ၁၄ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီတိုင်းနဲ့ မွန်၊ ရခိုင်၊ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာ၊ ဒေသအလိုက်မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်နိုင်တယ်လို့လို့ စစ်ကောင်စီရဲ့ မိုးဇလဦးစီးဌာနက ဒီကနေ့မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အဆိုပါကာလအတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီတိုင်းနဲ့ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တို့မှာ (၂၄)နာရီအတွင်း မိုးရေချိန် ၃ လက်မနဲ့အထက် ရွာသွန်းနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေးပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၂ ပေခန့်ရှိနိုင်တယ်လို့ မိုးဇလက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် မုတ်သုံလေအားကောင်းလာနိုင်တာကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာ၀ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက အသိပေးထားတာဖြစ်ပါတယ်။

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွန်ရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်ထဲမှာလည်း လာမယ့် ဇူလိုင် ၁၀ ရက်နေ့ထဲမှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေအားကောင်းနိုင်လို့ တနင်္သာရီ၊ ရန်ကုန်တိုင်းနဲ့ မွန်၊ ကရင်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးပြီး ရေကြီးရေလျှံ မြေပြိုမှုဘေးကို သတိပြုဖို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။