Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ် ရှားဒူးနှင့် စိုင်ဖြူရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၂၀ခန့် မီးလောင်ပြာကျ

စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ် မေလအတွင်း မကွေးတိုင်းအတွင်း၌ နေအိမ်ပေါင်း ၃,၀၅၅ လုံး မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

(ရှားဒူးနှင့် စိုင်ဖြူကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ဓာတ်ပုံ-We Love Seik Phyu Group)
(ရှားဒူးနှင့် စိုင်ဖြူကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ဓာတ်ပုံ-We Love Seik Phyu Group)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှားဒူးကျေးရွာနှင့် စိုင်ဖြူကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးရာ နှစ်ရွာပေါင်းအိမ်ခြေ
၁၂၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့(ဇူလိုင်၈ရက်) နံနက်ပိုင်းမှစတင်ကာ ရှားဒူးကျေးရွာနှင့် စိုင်ဖြူကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရှားဒူးကျေးရွာတွင် နေအိမ် ၉၈လုံးနှင့် စိုင်ဖြူရွာရှိ နေအိမ်၂၁လုံး မီးရှို့ဖျက်ဆီးခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စိုင်ဖြူကျေးရွာမှ ကိုသန်းစိုးဝင်းနှင့် ကိုတင်မျိုးဝင်းဆိုသူ အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးသွားကြောင်း၊ စစ်ကောင်စီတပ်သည် စိုင်ဖြူကျေးရွာရှိ ဆိုင်ကယ် ၃စီး၊TV ၂လုံး၊ အဲကွန်းတစ်လုံး ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၅၀ခန့်ရှိပြီး လက်ရှိတွင် ဆိုက်ခမ်းရွာရှိ ရွှေကံ့ကော်ဘုရားတွင် တပ်စွဲထားကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ် မေလအတွင်း မကွေးတိုင်းအတွင်း၌ နေအိမ်ပေါင်း ၃,၀၅၅ လုံး မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။