Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတွင် ပျူခေါင်းဆောင်တစ်ဦးကို KRF ဖမ်းဆီးသုတ်သင်

KRFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏လက်ပါးစေများအား သုတ်သင်ရှင်းလင်းမည့်အပြင် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်များမည်ဟု ဖော်ပြသည်။

ဘီးလင်း
ဘီးလင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးသုတ်သင်လိုက်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ယနေ့(ဇူလိုင် ၁၂) အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၁)ည ၈နာရီ ၂၀ခန့်က ဘီးလင်းမြို့နယ် သပြေနီကျေးရွာနေ စစ်ကောင်စီသတင်းပေး ပျူစောထီးခေါင်းဆောင် မျိုးစည်သူဆိုသူကို KRF နှင့် တပ်ရင်း (၂)ပူးပေါင်းအဖွဲ့မှ သပြေနီဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဖော်ပြသည်။

ထို့နောက် ပျူခေါင်းဆောင်မျိုးစည်သူအား စစ်ဆေးမေးမြန်းပြီးနောက် ပူးပေါင်းအဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

“ဒီကောင်က သပြေနီ ၊ဖိုးဝါးသိမ် ၊ဝါးဖြူကုန်း အနီးတဝိုက်ရွာတွေကို ဒုက္ခပေးနေတာ။ သူအပါ အဝင်လေးယောက်အဖွဲ့ရှိတယ်။ ရွာထဲက လူငယ်တွေကိုလည်း အဖွဲ့ထဲဝင်ဖို့လိုက်စည်းရုံးတယ်”ဟု KRF မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိချိန်မှာ ပျူခေါင်းဆောင် မျိုးစည်သူထံမှ လက်ပစ်ဗုံးနှစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း KRF ထံမှ သိရသည်။

KRFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏လက်ပါးစေများအား သုတ်သင်ရှင်းလင်းမည့်အပြင် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်များမည်ဟု ဖော်ပြသည်။

ထိုသို့တိုက်ပွဲဝင်ရာတွင် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးစေမည့် ဖောက်ခွဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။