Connect with us

Hi, what are you looking for?

သတင်း

စစ်ဆေးရေးဂိတ်မိုင်းဆင်ထားရာ ပြည်သူများအားလူသားဒိုင်းအသုံးပြုထား၍ မစ်ရှင်ဖျက်သိမ်းခဲ့သော်လည်း စစ်ကောင်စီတပ်စိန်ခေါ်သောကြောင့် မိုင်းထပ်ခွဲ

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး တိုက်ခိုက်ခံရပြီးချိန်တွင် စစ်ကောင်စီတပ်မှ ၎င်းတို့လူများကို လိုက်ထရပ်တစ်စီး၊ လူနာတင်ယာဥ်တစ်စီးတို့ဖြင့် ကန့်ဘလူနယ် မှောတောရွာဘက် သယ် ဆောင်သွားကြောင်း TSO ထံမှ သိရသည်။

ကန့်ဘလူမြို့နယ်
ကန့်ဘလူမြို့နယ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် မိုင်းများဆင်ထားရာ စစ်ကောင်စီတပ်မှ ပြည်သူများအားဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုထားသောကြောင့် မစ်ရှင်ဖျက်သိမ်းခဲ့သော်လည်း စစ်တပ်မှစိန်ခေါ်သောကြောင့် အဝေးထိန်းမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၆) TRFက ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇူလိုင် ၁၂)နံနက် ၉ နာရီခန့်က ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်များကင်းစောင့်နေသည့်နေရာတစ်ခုတွင် မိုင်းများဆင်ထားရာ စစ်ကောင်စီတပ်မှ တွေ့ရှိသွားခဲ့သည်ဟု ဖော်ပြသည်။

ရွှေဘိုခရိုင်တပ်ရင်း (၁၆) TRF
ရွှေဘိုခရိုင်တပ်ရင်း (၁၆) TRF

ထို့နောက် ၎င်းတို့က ဝါဆိုလပြည့်နေ့ ဥပုသ်သီလဆောက်တည်ရန်ထွက်လာသော ဒေသခံပြည်သူ၄၀ ခန့်ကိုဖမ်းဆီးပြီး မိုင်းများအနီးဒူးတုပ်ထိုင်ခိုင်းကာ လူသာဒိုင်းအသုံးပြု၍ မိုင်းများဖြုတ်ယူခဲ့ခြင်းကြောင့် ပြည်သူများအားငဲ့ညှာပြီး မဖောက်ခွဲဘဲ မစ်ရှင်ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီတပ်များသည် အဝေးထိန်းမိုင်း၌ဆင်ထားသော ဖုန်းဆင်းကဒ်ကိုထုတ်ယူကာ TRF တပ်ဖွဲ့ထံဆက်သွယ်ပြီး ‘မိုက်ရင်ထွက်ခဲ့’ဟု စိန်ခေါ်သောကြောင့် ကန့်ဘလူ ငါ့ရံ့ဒိုင်းရွာအနီး စစ်ဆေးရေးဂိတ်သို့ အင်အား ၂၀ခန့်ဖြင့်ရောက်လာသော စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်ထောက်ပို့တပ် TSO က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး တိုက်ခိုက်ခံရပြီးချိန်တွင် စစ်ကောင်စီတပ်မှ ၎င်းတို့လူများကို လိုက်ထရပ်တစ်စီး၊ လူနာတင်ယာဥ်တစ်စီးတို့ဖြင့် ကန့်ဘလူနယ် မှောတောရွာဘက် သယ် ဆောင်သွားကြောင်း TSO ထံမှ သိရသည်။

ရွှေဘိုခရိုင်တပ်ရင်း (၁၆)TRF မှထုတ်ပြန်ရာတွင်လည်း အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင် စီတပ်မှ ထိခိုက်သေဆုံးရှိခဲ့ပြီး အရေအတွက်အတိအကျ မသိရသေးဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

Facebook