Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောစစ်သားတစ်ဦးကိုမင်းတပ်CDF ကကျပ်သိန်း ၅၀ ချီးမြှင့်

ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားသည် MA-1 သေနတ်တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာ​ခြင်းဖြစ်သည်။

(ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောစစ်သားယူ​ဆောင်လာ​သည့်လက်နက်ခဲယမ်းများနှင့်ဆု​ငွေချီးမြှင့်​နေမှု။ ဓါတ်ပုံ-CDFမင်းတပ်)
(ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောစစ်သားယူ​ဆောင်လာ​သည့်လက်နက်ခဲယမ်းများနှင့်ဆု​ငွေချီးမြှင့်​နေမှု။ ဓါတ်ပုံ-CDFမင်းတပ်)

CDF-Mindat မှတဆင့် ပြည်သူ့ရင်ခွင်သို့ လက်နက်အပြည့်အစုံဖြင့် ဇူလိုင် ၁၀ ရက်တွင် လာရောက်ခိုလှုံလာသော ခမရ-​ခြေမြန်တပ်ရင်း (၅၁၂) မှ ရဲဘော်တစ်ဦးအား CDF-မင်းတပ်ကကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့​ကြောင်းယ​နေ့သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့်အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂ မှ တပ်သားတစ်ဦးဖြစ်ပြီး CDF-မင်းတပ် ထံဇူလိုင် ၁၀ရက်က အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားသည် MA-1 သေနတ်တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာ​ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

Facebook