Connect with us

Hi, what are you looking for?

သတင်း

KIAနှင့် PDFပူးပေါင်းတိုက်ခိုက်မှုကြောင့် ဗန်းမောက်တောင်ပိုင်း၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

ဒေသတွင်း၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ ပြည်သူ လူထုများ သွားလာရာတွင် သတိဝိရိယထားပြီး ဂရုစိုက်သွားလာကြရန် အသိပေးထားသည်။

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်း၌ တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိ ခိုက်ရှိခဲ့ကြောင်း Banmauk Revolution က ဖော်ပြ သည်။

ဇူလိုင် ၁၂ရက်နှင့် ယမန်နေ့(ဇူလိုင် ၁၃ရက်)တို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗန်းမောက်တောင်ပိုင်း ကော်တာရွာတွင် ဇူလိုင် ၁၂ရက်က စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးသွားပြီး KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

ယမန်နေ့တွင် ဒယူးရွာအနီး သက်ကယ်တောင်၌ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အခြေအနေကို မသိရသေးဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်း၌ စစ်ကောင်စီတပ်များ ဆက်ရှိနေ၍ ပြည်သူ လူထုများ သွားလာရာတွင် သတိဝိရိယထားပြီး ဂရုစိုက်သွားလာကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook