Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား မြိုင်နယ် ဒေသခံများက ​ရွှေ၊​ငွေရတနာများဆက်လက်လှူဒါန်း

မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်က ဖိနှိပ်အကြမ်းဖက်နေသည့်ကြားမှ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ​ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်းပေးနေကြသည်။

(ဆိုင်ကယ်၊ လက်စွပ်၊ နားကပ်တို့အား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - မြိုင်မြို့နယ်ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
(ဆိုင်ကယ်၊ လက်စွပ်၊ နားကပ်တို့အား လှူဒါန်းနေစဥ်။ ဓာတ်ပုံ - မြိုင်မြို့နယ်ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ​ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ ဆက်လက်လှူဒါန်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မြိုင်မြို့နယ်အခြေစိုက် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ဒေသခံပြ​ည်သူများက တော်လှန်ရေးအတွက် လိုအပ်သည့်နေရာတွင် ထုခွဲရောင်းချပြီး အသုံးပြုနိုင်ရန် ဆိုင်ကယ် (၁)စီး၊ လက်စွပ် (၁)ကွင်း၊ နားကပ် (၁)ရံ အား လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း ယင်းတပ်ဖွဲ့က အသိပေးသည်။

“ကျွန်တော်တို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာဆိုရင် NUG ရဲ့အထောက်အပံ့လဲမရ၊ ပြည်တွင်း၊ပြည်ပထောက်ပို့ အဖွဲ့အစည်းကြီးတွေရဲ့ ကူညီထောက်ပံ့မှု့ကလည်းမရတော့ ရပ်တည်ဖို့နဲ့ တိုက်ပွဲတွေ အရှိန်မြှင့်တိုက်ခိုက်ဖို့၊ လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် အရေးတကြီး လိုအပ်နေချိန်မှာ မြိုင်မြို့နယ်ရှိ ဒေသခံ မိဘပြည်သူများက လှူဒါန်းထောက်ပံ့ပေးသည့်အတွက် မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သား အားလုံးက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။”ဟု မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်က ဖိနှိပ်အကြမ်းဖက်နေသည့်ကြားမှ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ​ဒေသခံပြည်သူများက ရွှေ၊ငွေလက်ဝတ်ရတနာများ မကြာခဏလှူဒါန်းပေးနေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။