Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်မှSB ရုံးကို PDF များတိုက်ခိုက်စီးနင်းမီးရှို့

အဆောက်အဦးမီးလောင်ပျက်စီးခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်
တနင်္တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်သာရီတိုင်း၊ရေဖြူမြို့နယ်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ သတင်းရဲတပ်ဖွဲ့ရုံး(SBရုံး)ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန့်နေ့ညကဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

PDFပူးပေါင်းအဖွဲ့က ယမန့်နေ(ဇူလိုင် ၁၃ ရက်)ည၁၁နာရီမှ ဇူလိုင် ၁၄ ရက် မနက် ၁ နာရီအထိဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ရုံးအဆောက်အဦးတစ်ခုလုံးမီးလောင်ပြာကျသွားသည်ဟုလည်း ဒေသခံအချို့က​ပြောသည်။

SBရုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေစဉ်စစ်ကောင်စီတပ်မှစစ်ကားနှစ်စီးစစ်ကူလာရောက်သည်။စစ်ကူလာ​သောကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက်ပြန်လည်ဆုတ်ခွာလာခဲ့သည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ခွေးတွေ(စစ်ကောင်စီတပ်)ဘက်ကအထိအခိုက်အကျဆုံးတော့မသိဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံးမရှိ”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အဆောက်အဦးမီးလောင်ပျက်စီးခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။

တိုက်ခိုက်စီးနင်းခံရ​သောရုံးကိုရဲနှင့်စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးများရုံးထိုင်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။