Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင်စစ်​ကောင်စီတပ်ဖမ်းဆီးထား​သော PDF နှစ်ဦးတပ်တွင်းကူညီ​ပေးသူကြောင့်လွတ်​မြောက်လာဟုဆို

“မနေ့ည၈ နာရီဝန်းကျင်မှာ အထဲမှာ ရှိတဲ့ ဖရဲသီးလို့ပဲ ပြောရမှာပေါ့။ နားလည်မှုနဲ့ ကူညီပြီး ထုတ်ပေးခဲ့တာ။ ရဲဘော်နှစ်ယောက်က က တစ်နေရာစီကွဲသွားပေမယ့် အခုတော့ ဘေးကင်းလွတ်မြောက်ရာသို့ ပြန်လည်ရောက်ရှိပြီး ဖရဲသီးလည်း ဘေးကင်းပါတယ်။”ဟု မြေပြင်သတင်းပေး ဗိုလ်ဂျမ်းတုံးက WeLovemyaing အဖွဲ့ထံ ပြောကြားသည်။

(ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လာသော ရဲဘော်နှစ်ဦး။ ။ဓါတ်ပုံ- We Love Myaing)
(ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်လာသော ရဲဘော်နှစ်ဦး။ ။ဓါတ်ပုံ- We Love Myaing)

မ​ကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်​ကောင်စီတပ်၏ဖမ်းဆီးခြင်းခံထားရသည့် ​ဒေသခံPDFနှစ်ဦးအားတပ်တွင်းအကူအညီပေးသူကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် ပေါက်မြို့နယ်စပ်ရေနံမှော်ဘက်တွင် စစ်စခန်းချထားသော အကြမ်းဖက်စစ်တပ်သည် မြိုင်နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။

ပြည်သူ့ရဲဘော်နှစ်ဦးအား ဝက်ပုတ်ရွာ၌ ဖမ်းချုပ်နှောင်ထားခဲ့ရာ ယမန်နေ့( ဇူလိုင်လ၁၄ရက်) ည ၈နာရီဝန်းကျင်တွင် ဝက်ပုတ်ရွာ စစ်စခန်းရှိ အတွင်းဖရဲသီးမှ ထိပ်တုံး လက်ထိပ်များကို ဖြုတ်ပေးပြီး လွတ်မြောက်ရာသို့ ပို့ဆောင်ပေးခဲ့၍ ဖမ်းဆီးခံရဲဘော်နှစ်ဦးဘေးကင်းရာသို့လွတ်မြောက် ရောက်ရှိပြီးဖြစ်ကြောင်း ဗိုလ်ဂျမ်းတုံး၏ ပြောဆိုမှုကို We Love Myaing အဖွဲ့က အသိပေးထားသည်။

ဇူလိုင်လ ၁၂ရက်နေ့က မြိုင်နယ် ပတ္တမြားတောင်ပေါ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်သည် ပြည်သူအယောက် ၂၀ ခန့်နှင့် ပြည်သူ့ရဲဘော်နှစ််ဦးကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ပြည်သူများကို ပြန်လွှတ်ပြီး ရဲဘော်နှစ်ဦးကိုမူ ဝက်ပုတ်ရွာ စာသင်ကျောင်းထဲတွင် လက်ထိပ်ခတ် ထိပ်တုံးခတ်ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ည၈ နာရီဝန်းကျင်မှာ အထဲမှာ ရှိတဲ့ ဖရဲသီးလို့ပဲ ပြောရမှာပေါ့။ နားလည်မှုနဲ့ ကူညီပြီး ထုတ်ပေးခဲ့တာ။ ရဲဘော်နှစ်ယောက်က က တစ်နေရာစီကွဲသွားပေမယ့် အခုတော့ ဘေးကင်းလွတ်မြောက်ရာသို့ ပြန်လည်ရောက်ရှိပြီး ဖရဲသီးလည်း ဘေးကင်းပါတယ်။”ဟု မြေပြင်သတင်းပေး ဗိုလ်ဂျမ်းတုံးက WeLovemyaing အဖွဲ့ထံ ပြောကြားသည်။

ဖမ်းဆီးခံရသည့် ရဲဘော်နှစ်ဦး လုံခြုံရေးအရ မည်သည့် အဖွဲ့က ဖြစ်ကြောင်း ပြောပြခြင်း မရှိခဲ့ပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။