Connect with us

Hi, what are you looking for?

သတင်း

ဟိုပင်မြို့အဝင်အထွက်၊ ရဲစခန်းနှင့် စစ်ကောင်စီတပ်အနီး ဖွင့်လှစ်နေသည့် ဆိုင်ခန်းများ၊ ကားဂိတ်များ လာမည့် ၃ရက် အတွင်း အမြန်ပိတ်ပေးရန် PDF သတိပေး

ထို့ပြင် ယခုထုတ်ပြန်သည့်နေရာများ အနီးဝန်းကျင်ရှိ ပြည်သူများ အနေဖြင့်လည်း အထူးသတိပြု ဂရုစိုက်ကြရန် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်ဟု ဟိုပင် PDFက ထုတ်ပြန်သည်။

ဟိုပင်ညွှန်ပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)
ဟိုပင်ညွှန်ပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ အဝင်အထွက်နေရာ၊ စစ်ကောင်စီတပ်နှင့် ရဲစခန်းများ ရှိရာ နေရာအနီး ဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်များ၊ ကားဂိတ်များ လာမည့် သုံးရက်အတွင်း အမြန်ဆုံးပိတ်သိမ်းပေးရန် ဟိုပင်ညွှန်ပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ဇူလိုင် ၁၆ရက်တွင် သတိပေးချက်ထုတ်ပြန်သည်။

ဟိုပင်မြို့ဝင်/ ထွက်၊ဟိုပင်မြို့နှင့် တိုးဂိတ်ကြား၊ သဲဂုဏ်ကျေးရွာနှင့် ဟိုပင်မြို့ကြား ၊ စစ်ကောင်စီတပ်ရင်း (၄၀) ၊ (၃၈၈)၊ (၃၈၉) ဟိုပင်မြို့ရဲစခန်းအနီး ဖွင့်လှစ်ရောင်းချနေသော စျေးဆိုင်များ နှင့်ကားဂိတ်များ ကို ပိတ်သိမ်းရန် သတိပေးလိုက်ခြင်းဖြစ်သည်။

နောက်ထပ် အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်ထိ မည်သည့် အကြောင်းကြောင်းကြောင့် ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ဖော်ပြထားသည်။

ထို့ပြင် ယခုထုတ်ပြန်သည့်နေရာများ အနီးဝန်းကျင်ရှိ ပြည်သူများ အနေဖြင့်လည်း အထူးသတိပြု ဂရုစိုက်ကြရန် နောက်ဆုံးအကြိမ် သတိပေးလိုက်သည်ဟု ဟိုပင် PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အကယ်၍ သတိပေး ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်လာသည့် ကိစ္စ အ၀၀ကို လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်း ထပ်ဆင့် သတိပေးလိုက်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။