Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ယနေ့ည ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံး

” ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

မုံရွာမြို့
မုံရွာမြို့

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ည ၇နာရီခန့်က ဆိုင်ကယ်စီအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီက သေနတ်နဲ့လိုက်ပစ်လို့ ကောင်လေးတစ်ယောက် သေသွားတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြော သည်။

ယနေ့(ဇူလိုင် ၇ရက်) ည ၇ နာရီခန့်တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင် ဒေသခံများက အတည်ပြုသည်။

Public Service Announcement
Public Service Announcement

မုံရွာမြို့ Topကိုယ်ပိုင်ကျောင်းလမ်းနှင့် ဆည်မြောင်းလမ်းဆုံတွင် ဆိုင်ကယ်စီးလာသော အမျိုသားနှစ်ဦးအား စစ်ကောင်စီကားက နောက်မှလိုက်တိုက်ကာ ဆိုင်ကယ်လဲကျသွားစဉ် သေနတ်ဖြင့်ပစ်ခတ်၍ တစ်ဦးသေဆုံးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

ကျန်အမျိုးသားတစ်ဦး၏ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook